အားျပင္းတိုင္ဖြန္း နီးကပ္လာ၍ ဂ်ပန္တြင္ အေရးေပၚ အေျခအေန ထုတ္ျပန္

ဩဂုတ္ ၂၉

ဂ်ပန္တြင္ နိုင္ငံ၏ အေနာက္ေတာင္ပိုင္းအရပ္ဆီ အားျပင္းတိုင္ဖြန္း မုန္တိုင္း ခ်ဥ္းကပ္လာေသာေၾကာင့္ အေရးေပၚ သတိေပးခ်က္ ထုတ္ျပန္ခဲ့ၿပီး ေမာ္ေတာ္ကား ထုတ္လုပ္ေရးကုမၸဏီ တိုယိုတာက စက္႐ုံ ၁၄ ႐ုံကို ပိတ္မွာျဖစ္ေၾကာင္းႏွင့္ ေလေၾကာင္းလိုင္းမ်ားကလည္း ခရီးစဥ္မ်ားကို ဖ်က္သိမ္းေနေၾကာင္း သိရသည္။
တိုင္ဖြန္း ရွန္းရွန္းသည္ ယာကူရွီမာကၽြန္းမွ ၄၃ မိုင္အကြာတြင္ ေရာက္ရွိေနၿပီး အေနာက္ေတာင္ပိုင္း က်ဴရႉးကၽြန္းေပၚရွိ ကာဂိုရွီမာႏွင့္ မီယာဇာကီ စီရင္စုေဒသမ်ားဆီ ဦးတည္ေရြ႕လ်ားေနသည္ဟု ဂ်ပန္နိုင္ငံ မိုးေလဝသ႒ာနက ခန႔္မွန္းေၾကာင္း အင္န္အိတ္ခ်္ေက သတင္းက ဗုဒၶဟူးေန႔တြင္ ေဖာ္ျပသည္။
ရွန္းရွန္းသည္ ေတာင္ပိုင္း က်ဴးရႉးကၽြန္းသို႔ အလြန္အားျပင္းစြာျဖင့္ ခ်ဥ္းကပ္လာမွာျဖစ္ေၾကာင္း အစိုးရအဖြဲ႕အတြင္းဝန္ခ်ဳပ္ ယိုရွီမာဆာ ဟာယာရွီက သတင္းေထာက္မ်ားကို ေျပာသည္။ ေလတိုက္ႏႈန္း တစ္နာရီ ၁၅၅ မိုင္ရွိနိုင္သည္ဟု ခန႔္မွန္းထားေသာ တိုင္ဖြန္းသည္ ယခင္က ၾကဳံခဲ့ဖူးသည္ထက္ ပိုမိုျပင္းထန္ေသာ လွိုင္းႀကီး ေလထန္မႈမ်ိဳးကို ျဖစ္ေပၚေစလိမ့္မည္ဟု ဟာယာရွီက ေျပာဆိုခဲ့သည္။
ရွန္းရွန္းသည္ ေနာက္ရက္မ်ားတြင္ က်ဴးရႉးကၽြန္းကို ဝင္ေရာက္မည္ျဖစ္ကာ သီတင္းပတ္ကုန္ဝန္းက်င္တြင္ ၿမိဳ႕ေတာ္တိုက်ိဳတည္ရွိရာ အလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမ်ားသို႔ ခ်ဥ္းကပ္မည္ျဖစ္ေၾကာင္း မိုးေလဝသဌာနက ေျပာဆိုခဲ့သည္။
အာဏာပိုင္မ်ားက က်ဴရႉးကၽြန္းတြင္ ကာဂိုရွီမာ စီရင္စု၊ အလယ္ပိုင္း ဟြန္ရႉးကၽြန္းေပၚရွိ တိုက်ိဳ၏ အေနာက္ေတာင္ပိုင္းက အိုက္ခ်ီႏွင့္ ရွီဇူအိုကာ စီရင္စုမ်ားမွ ေဒသခံ ၈ သိန္းေက်ာ္ကို ေဘးလြတ္ေရႊ႕ေျပာင္းေပးရန္ ဗုဒၶဟူးေန႔တြင္ ညႊန္ၾကားခ်က္ထုတ္ခဲ့သည္။


အားပြင်းတိုင်ဖွန်း နီးကပ်လာ၍ ဂျပန်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်
===================
ဩဂုတ် ၂၉

ဂျပန်တွင် နိုင်ငံ၏ အနောက်တောင်ပိုင်းအရပ်ဆီ အားပြင်းတိုင်ဖွန်း မုန်တိုင်း ချဉ်းကပ်လာသောကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာက စက်ရုံ ၁၄ ရုံကို ပိတ်မှာဖြစ်ကြောင်းနှင့် လေကြောင်းလိုင်းများကလည်း ခရီးစဉ်များကို ဖျက်သိမ်းနေကြောင်း သိရသည်။
တိုင်ဖွန်း ရှန်းရှန်းသည် ယာကူရှီမာကျွန်းမှ ၄၃ မိုင်အကွာတွင် ရောက်ရှိနေပြီး အနောက်တောင်ပိုင်း ကျူရှူးကျွန်းပေါ်ရှိ ကာဂိုရှီမာနှင့် မီယာဇာကီ စီရင်စုဒေသများဆီ ဦးတည်ရွေ့လျားနေသည်ဟု ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာနက ခန့်မှန်းကြောင်း အင်န်အိတ်ချ်ကေ သတင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။
ရှန်းရှန်းသည် တောင်ပိုင်း ကျူးရှူးကျွန်းသို့ အလွန်အားပြင်းစွာဖြင့် ချဉ်းကပ်လာမှာဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှီက သတင်းထောက်များကို ပြောသည်။ လေတိုက်နှုန်း တစ်နာရီ ၁၅၅ မိုင်ရှိနိုင်သည်ဟု ခန့်မှန်းထားသော တိုင်ဖွန်းသည် ယခင်က ကြုံခဲ့ဖူးသည်ထက် ပိုမိုပြင်းထန်သော လှိုင်းကြီး လေထန်မှုမျိုးကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဟာယာရှီက ပြောဆိုခဲ့သည်။
ရှန်းရှန်းသည် နောက်ရက်များတွင် ကျူးရှူးကျွန်းကို ဝင်ရောက်မည်ဖြစ်ကာ သီတင်းပတ်ကုန်ဝန်းကျင်တွင် မြို့တော်တိုကျိုတည်ရှိရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ချဉ်းကပ်မည်ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောဆိုခဲ့သည်။
အာဏာပိုင်များက ကျူရှူးကျွန်းတွင် ကာဂိုရှီမာ စီရင်စု၊ အလယ်ပိုင်း ဟွန်ရှူးကျွန်းပေါ်ရှိ တိုကျို၏ အနောက်တောင်ပိုင်းက အိုက်ချီနှင့် ရှီဇူအိုကာ စီရင်စုများမှ ဒေသခံ ၈ သိန်းကျော်ကို ဘေးလွတ်ရွှေ့ပြောင်းပေးရန် ဗုဒ္ဓဟူးနေ့တွင် ညွှန်ကြားချက်ထုတ်ခဲ့သည်။