႐ုရွားႏွင့္ယူကရိန္းတို႔ စစ္သုံ႔ပန္းမ်ားလဲလွယ္

ကိဗ္၊ဩဂုတ္ ၂၅
ယူကရိန္းဘက္မွ ႐ုရွားရွိ ကာ့စ္ေဒသသို႔ ႐ုတ္တရက္ဝင္‌ေရာက္ထိုးစစ္ဆင္ၿပီးႏွစ္ပတ္အၾကာ၌ ႐ုရွားႏွင့္ယူကရိန္းတို႔ သုံ႔ပန္း ၁၁၅ ေယာက္ လဲလွယ္မႈျပဳလုပ္ခဲ့ေၾကာင္းေျပာၾကားခဲ့သည္။
ယခုလဲလွယ္မႈသည္ ႐ုရွားရွိကာ့စ္‌ေဒသသို႔ ယူကရိန္းကထိုးစစ္ဆင္ေနၿပီး ႐ုရွားဘက္က အေရွ႕ယူကရိန္းၿမိဳ႕မ်ားကို ပိုမိုမ်က္စိက်လာေသာအခ်ိန္တြင္ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ၿပီး ယူကရိန္းလြတ္လပ္ေရးေန႔ႏွင့္လည္းတိုက္ဆိုင္ေနခဲ့သည္။
ႏွစ္နိုင္ငံစလုံးသည္ ယခုလဲလွယ္ေရးသေဘာတူညီခ်က္ရရွိရန္ ညႇိႏွိုင္းေပးခဲ့သည့္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုကိုလည္း ေက်းဇူးတင္ေၾကာင္းေျပာၾကားခဲ့ၾကသည္။
“ကၽြန္ေတာ္တို႔ရဲ့ သူရဲေကာင္းေတြထဲက ေနာက္ထပ္ ၁၁၅ ဦး ဒီေန႔ အိမ္ကိုျပန္ေရာက္ပါၿပီ။သူတို႔‌ေတြထဲမွာနိုင္ငံအေစာင့္တပ္၊ လက္နက္ကိုင္တပ္ဖြဲ႕၊ ေရတပ္၊ျပည္နယ္နယ္ျခားေစာင့္တပ္ေတြ ပါဝင္ပါတယ္” ဟုလည္း ယူကရိန္းသမၼတဇလန္းစကီးကေျပာၾကားခဲ့သည္။
ယူကရိန္းဘက္မွ ဩဂုတ္လ ၆ ရက္ကစတင္ခဲ့ေသာ ကာ့စ္ေဒသထိုးစစ္ျပဳလုပ္မႈတြင္ ႐ုရွားစစ္သား ရာေပါင္းမ်ားစြာ ဖမ္းဆီးခံထားခဲ့ရေၾကာင္းလည္း ကိဗ္ကေျပာၾကားခဲ့သည္။
Source : AFP


ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်
ကိဗ်၊ဩဂုတ် ၂၅
ယူကရိန်းဘက်မှ ရုရှားရှိ ကာ့စ်ဒေသသို့ ရုတ်တရက်ဝင်‌ရောက်ထိုးစစ်ဆင်ပြီးနှစ်ပတ်အကြာ၌ ရုရှားနှင့်ယူကရိန်းတို့ သုံ့ပန်း ၁၁၅ ယောက် လဲလှယ်မှုပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
ယခုလဲလှယ်မှုသည် ရုရှားရှိကာ့စ်‌ဒေသသို့ ယူကရိန်းကထိုးစစ်ဆင်နေပြီး ရုရှားဘက်က အရှေ့ယူကရိန်းမြို့များကို ပိုမိုမျက်စိကျလာသောအချိန်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူကရိန်းလွတ်လပ်ရေးနေ့နှင့်လည်းတိုက်ဆိုင်နေခဲ့သည်။
နှစ်နိုင်ငံစလုံးသည် ယခုလဲလှယ်ရေးသဘောတူညီချက်ရရှိရန် ညှိနှိုင်းပေးခဲ့သည့် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေထဲက နောက်ထပ် ၁၁၅ ဦး ဒီနေ့ အိမ်ကိုပြန်ရောက်ပါပြီ။သူတို့‌တွေထဲမှာနိုင်ငံအစောင့်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့၊ ရေတပ်၊ပြည်နယ်နယ်ခြားစောင့်တပ်တွေ ပါဝင်ပါတယ်” ဟုလည်း ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။
ယူကရိန်းဘက်မှ ဩဂုတ်လ ၆ ရက်ကစတင်ခဲ့သော ကာ့စ်ဒေသထိုးစစ်ပြုလုပ်မှုတွင် ရုရှားစစ်သား ရာပေါင်းများစွာ ဖမ်းဆီးခံထားခဲ့ရကြောင်းလည်း ကိဗ်ကပြောကြားခဲ့သည်။
Source : AFP