ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ​ေရွ႕တန္းေရာက္ တပ္မေတာ္သားမ်ားႏွင့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအတြက္ အလႉေငြႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လႉဒါန္း

ၾသဂုတ္ ၂၃၊ ေနျပည္ေတာ္
နိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို စြမ္းစြမ္းတမံ ထမ္းေဆာင္ေနၾကသည့္ တပ္မေတာ္သားမ်ားႏွင့္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအတြက္ အလႉေငြႏွင့္ စားေသာက္ဖြယ္ရာမ်ား ဂုဏ္ျပဳလႉဒါန္းျခင္းအခမ္းအနားကို ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ၂၃ ရက္ေန႔ ေန႔လည္ ၁၄၄၅ အခ်ိန္တြင္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ရွိ ေပါင္းေလာင္းခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္းတို႔က အလႉေငြ သိန္း ၁၀၀ က်ပ္ႏွင့္အတူ ၁,၇၅၀,၀၀၀ က်ပ္ တန္ဖိုးရွိ ေခါက္ဆြဲေျခာက္ဖာမ်ား၊ ၅၀၀,၀၀၀ က်ပ္တန္ဖိုးရွိ အသင့္စားသုံးနိုင္ေသာ အစားအစာထုပ္မ်ား၊ စုစုေပါင္းတန္ဖိုး ၁၂,၂၅၀,၀၀၀ိ/- အား ေပးအပ္လႉဒါန္းရာ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားက လက္ခံယူခဲ့ၾကပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ လႉဒါန္းရသည့္ အေၾကာင္းအား ရွင္းလင္းေျပာၾကားၿပီး ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္စိုးမင္းက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားခဲ့ပါသည္။ အဆိုပါ ဂုဏ္ျပဳလႉဒါန္းပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ျပည္ေထာင္စုနယ္ေျမပါတီအတြင္းေရးမႉးဦးဝင္းေဌး၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္စိုးမင္းႏွင့္အတူ တိုင္းစစ္ဌာနခ်ဳပ္မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ​ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
=======================================
သြဂုတ် ၂၃၊ နေပြည်တော်
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၁၄၄၅ အချိန်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်းတို့က အလှူငွေ သိန်း ၁၀၀ ကျပ်နှင့်အတူ ၁,၇၅၀,၀၀၀ ကျပ် တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာများ၊ ၅၀၀,၀၀၀ ကျပ်တန်ဖိုးရှိ အသင့်စားသုံးနိုင်သော အစားအစာထုပ်များ၊ စုစုပေါင်းတန်ဖိုး ၁၂,၂၅၀,၀၀၀ိ/- အား ပေးအပ်လှူဒါန်းရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံယူခဲ့ကြပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လှူဒါန်းရသည့် အကြောင်းအား ရှင်းလင်းပြောကြားပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ ဂုဏ်ပြုလှူဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပြည်ထောင်စုနယ်မြေပါတီအတွင်းရေးမှူးဦးဝင်းဌေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့်အတူ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။