ရာသီအဖြင့္ပြဲစဥ္တြင္ ေျခစြမ္းမျပနိုင္သည့္ ဘာေပကို ပရိသတ္မ်ား ေလွာင္ေျပာင္

မာေယာ့ကာအသင္းႏွင့္ သေရက်သည့္ လာလီဂါရာသီအဖြင့္ပြဲစဥ္တြင္ ေျခစြမ္းျပနိုင္ျခင္းမရွိသည့္ ရီးယဲလ္အသင္းတိုက္စစ္မႉး ကီယန္အမ္ဘာေပကို ပရိသတ္မ်ားက ဟာဇက္ 2.0 ဟု ေလွာင္ေျပာင္ခဲ့ေၾကာင္း သိရသည္။

လာလီဂါခ်န္ပီယံ ရီးယဲလ္အသင္းသည္ ရာသီအဖြင့္ပြဲစဥ္အျဖစ္ ၾသဂုတ္ ၁၈ ရက္ ညပိုင္းက မာေယာကာ့အသင္းႏွင့္ အေဝးကြင္းယွဥ္ၿပိဳင္ကစားရာ (၁-၁) ဂိုးျဖင့္ သေရက်ခဲ့သည္။

ပြဲအစ ၁၃ မိနစ္မွာပင္ ရိုဒရီဂို၏ သြင္းဂိုးျဖင့္ ရီးယဲလ္အသင္း ဦးေဆာင္ခြင့္ရေသာ္လည္း ၅၃ မိနစ္တြင္ ေခ်ပဂိုးျပန္ေပးခဲ့ရၿပီး ဂိုးထပ္မံသြင္းယူနိုင္ျခင္းမရွိသလို ပြဲၿပီးခါနီး နာက်င္အခ်ိန္ပို ၉၀+၇ မိနစ္တြင္ ဘယ္ေနာက္ခံလူ မန္ဒီ အနီကတ္ျဖင့္ ထုတ္ပယ္ခံခဲ့ရသည္။

ဘာေပအေနျဖင့္ ယင္းပြဲတြင္ ပြဲခ်ိန္ျပည့္ကစားခြင့္ရေသာ္လည္း ကန္သြင္းမႈ ေလးႀကိမ္၊ ေဘာလုံးထိခ်က္ ၄၄ ႀကိမ္ (ၿပိဳင္ဘက္အသင္း ဂိုးဧရိယာအတြင္း ေဘာလုံးထိခ်က္ ၁၃ ႀကိမ္) သာရွိခဲ့သလို ေဘာလုံးဆုံးရႈံးမႈ ႏွစ္ႀကိမ္၊ သြင္းဂိုး၊ ဂိုးဖန္တီးမႈႏွင့္ အခြင့္အေရးဖန္တီးနိုင္မႈ တစ္ႀကိမ္ပင္မရွိခဲ့ေၾကာင္း သိရသည္။

သို႔ျဖစ္ရာ ပရိသတ္မ်ားက ”ဟာဇက္ 2.0 ကို ဒီေနရာမွာ ပထမဆုံးျမင္ဖူးတာပဲ”၊ ”အမ္ဘာေပအတြက္ အေကာင္းဆုံးေနရာက အရန္ခုံတန္းပဲ။ ရွက္စရာေကာင္းတဲ့ စြမ္းေဆာင္ရည္နဲ႔ အေျပာင္းအလဲလုပ္တာက အရမ္းေနာက္က်တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ အခ်ိန္ႏွစ္နာရီ ျဖဳန္းမိတာပဲ”၊ ”လယ္သမားေတြအတြက္ မဟုတ္တဲ့လိဂ္ကို ေရာက္လာတယ္ဆိုတာ အမ္ဘာေပ ျမင္သြားၿပီ” ဟု လူမႈမီဒီယာ X တြင္ ေရးသားေဝဖန္ခဲ့ၾကသည္။


ရာသီအဖွင့်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သည့် ဘာပေကို ပရိသတ်များ လှောင်ပြောင်
====================
မာယော့ကာအသင်းနှင့် သရေကျသည့် လာလီဂါရာသီအဖွင့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ရီးယဲလ်အသင်းတိုက်စစ်မှူး ကီယန်အမ်ဘာပေကို ပရိသတ်များက ဟာဇက် 2.0 ဟု လှောင်ပြောင်ခဲ့ကြောင်း သိရသည်။

လာလီဂါချန်ပီယံ ရီးယဲလ်အသင်းသည် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၈ ရက် ညပိုင်းက မာယောကာ့အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ပွဲအစ ၁၃ မိနစ်မှာပင် ရိုဒရီဂို၏ သွင်းဂိုးဖြင့် ရီးယဲလ်အသင်း ဦးဆောင်ခွင့်ရသော်လည်း ၅၃ မိနစ်တွင် ချေပဂိုးပြန်ပေးခဲ့ရပြီး ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသလို ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၇ မိနစ်တွင် ဘယ်နောက်ခံလူ မန်ဒီ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဘာပေအနေဖြင့် ယင်းပွဲတွင် ပွဲချိန်ပြည့်ကစားခွင့်ရသော်လည်း ကန်သွင်းမှု လေးကြိမ်၊ ဘောလုံးထိချက် ၄၄ ကြိမ် (ပြိုင်ဘက်အသင်း ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၁၃ ကြိမ်) သာရှိခဲ့သလို ဘောလုံးဆုံးရှုံးမှု နှစ်ကြိမ်၊ သွင်းဂိုး၊ ဂိုးဖန်တီးမှုနှင့် အခွင့်အရေးဖန်တီးနိုင်မှု တစ်ကြိမ်ပင်မရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ပရိသတ်များက ”ဟာဇက် 2.0 ကို ဒီနေရာမှာ ပထမဆုံးမြင်ဖူးတာပဲ”၊ ”အမ်ဘာပေအတွက် အကောင်းဆုံးနေရာက အရန်ခုံတန်းပဲ။ ရှက်စရာကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အပြောင်းအလဲလုပ်တာက အရမ်းနောက်ကျတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အချိန်နှစ်နာရီ ဖြုန်းမိတာပဲ”၊ ”လယ်သမားတွေအတွက် မဟုတ်တဲ့လိဂ်ကို ရောက်လာတယ်ဆိုတာ အမ်ဘာပေ မြင်သွားပြီ” ဟု လူမှုမီဒီယာ X တွင် ရေးသားဝေဖန်ခဲ့ကြသည်။