ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၃၂)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

ဩဂုတ္ ၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ (၃၂)ႀကိမ္ေျမာက္ အပတ္စဥ္ ပါတီတြင္းေဆြးေႏြးပြဲကို ယေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲတြင္ ပါတီဗဟိုအလုပ္ အမႈေဆာင္ ေဒၚခင္ေရႊျမင့္ မွ “ ေရသယ​ံဇာတ အသုံးခ်မႈကို ေလ့လာ ဆန္းစစ္ျခင္း ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ရာ တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားမွ ျပန္လည္ေဆြးေႏြးခဲ့ပါသည္။
ထိုေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ အေထြေထြအတြင္းေရးမႉး ႏွင့္ ဒုတိယဥကၠ႒တို႔မွ ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး ျဖည့္စြက္ေဆြးေႏြးျခင္း၊ အႀကံျပဳျခင္းႏွင့္ သုံးသပ္ခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကၿပီး နိဂုံးခ်ဳပ္အေနျဖင့္ ပါတီဥကၠ႒မွ ” ေရခ်ိဳသယံဇာတ အရင္းအျမစ္မ်ားအား ထိန္းသိမ္းေစာင့္ေရွာက္နိုင္ေရး၊ ျမစ္ ေခ်ာင္း ဆည္တမံမ်ားမွ အက်ိဳးရလဒ္မ်ား၊ ေရသုံးစြဲမႈဆိုင္ရာကိစၥမ်ားႏွင့္ ကမၻာ့နိုင​္ငံအခ်ိဳ႕ ရင္ဆိုင္ေနရသည့္ ေရရွားပါးမႈအေျခအေန ” မ်ားအား ရွင္းလင္းေျပာၾကားကာ ေဆြးေႏြးပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၃၂)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
ဩဂုတ် ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၃၂)ကြိမ်မြောက် အပတ်စဉ် ပါတီတွင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ် အမှုဆောင် ဒေါ်ခင်ရွှေမြင့် မှ “ ရေသယ​ံဇာတ အသုံးချမှုကို လေ့လာ ဆန်းစစ်ခြင်း ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထိုနောက် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယဥက္ကဋ္ဌတို့မှ ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သုံးသပ်ချက်များအား ဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် ပါတီဥက္ကဋ္ဌမှ ” ရေချိုသယံဇာတ အရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မြစ် ချောင်း ဆည်တမံများမှ အကျိုးရလဒ်များ၊ ရေသုံးစွဲမှုဆိုင်ရာကိစ္စများနှင့် ကမ္ဘာ့နိုင​်ငံအချို့ ရင်ဆိုင်နေရသည့် ရေရှားပါးမှုအခြေအနေ ” များအား ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။