ကခ်င္တိုင္းရင္းသားဖိုက္တာ ေအာင္လအန္ဆန္း တူရကီနိုင္ငံသား ဖိုက္တာ ရွာေမးလ္အာဒိုဂန္ျဖင့္ ထိုးသတ္မည္

 

ONE ၏ ပြဲစဥ္မ်ားျဖင့္ ေဝးကြာေနေသာ ျမန္မာစပါးအုံးဟု တင္စားေခၚေဝၚ ခံရသည့္ ကခ်င္တိုင္းရင္းသားဖိုက္တာ ေအာင္လအန္ဆန္းသည္ လာမည့္ စက္တင္ဘာလ(၆) ရက္တြင္ တူရကီနိုင္ငံသားဖိုက္တာ ရွာေမးလ္ အာဒိုဂန္ ျဖင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္ေၾကာင္း တရားဝင္ အသိေပးထု တ္ျပန္လာၿပီ ျဖစ္သည္။
ၿပိဳင္ဘက္ႏွစ္ဦးအေနျဖင့္ အေမရိကန္နိုင္ငံ ဒန္ဗာၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ ONE 168 ပြဲစဥ္၏ ေျခာက္ေထာင့္ ႀကိဳးဝိုင္းအတြင္း ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္ကာ ၂၀၂၄ ခုႏွစ္အတြင္း ေအာင္လအန္ဆန္း၏ ပထမဆုံးပြဲစဥ္တစ္ခုလည္းျဖစ္သည္။
တူရကီနိုင္ငံသားဖိုက္တာ ရွာေမးလ္ အာဒိုဂန္ က ေအာင္လအန္ဆန္အား ႏွစ္ခ်ီမျပည့္ခင္ အလဲထိုး သြားမည္ဟု ၾကဳံးဝါးထားသလို ေအာင္လအန္ဆန္းဘက္ကလည္း သုံးခ်ီအတြင္း အျမန္ပြဲသိမ္းနိုင္ရန္ ႀကိဳးစားေလ့က်င့္ ျပင္ဆင္ေနသည္ဟု ဆိုထားသည္။
အာဒိုဂန္ႏွင့္ ထိုးသ-တ္မည့္ ယခု ပြဲစဥ္သည္ ေအာင္လအန္ဆန္းအတြက္ အေရးႀကီးထိုးသ-တ္ရမည့္ ပြဲစဥ္တစ္ခုျဖစ္ၿပီးယင္းပြဲကို အနိုင္ရရွိပါက မစ္ဒယ္ဝိတ္တန္းခ်န္ပီယံ ခါးပါတ္လုပြဲအတြက္ ဆုံးျဖတ္ ခ်က္ခ်သြားရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ၿပိဳင္ပြဲတြင္ တြဲဆိုင္း(၁၂) ဆိုင္း ပါဝင္မည္ျဖစ္ကာ ေခါင္တြဲဆိုင္းအေနျဖင့္ ဂ်ိဳနသန္ ဟက္ကာတီ၏ ဘမ္တန္ဝိတ္တန္း ေမြထိုင္းခါးပတ္ကို စူပါလတ္က စိန္ေခၚထိုးသြားမည္ျဖစ္ကာ ဒုတိယေခါင္တြဲဆိုင္းတြင္ ကိတ္႐ူလိုတိုလိုႏွင့္ မိုက္ကီတို၏ Submission Grappling ခ်န္ပီယံပြဲစဥ္ တို႔ ပါဝင္မည္ျဖစ္သည္။


ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်း တူရကီနိုင်ငံသား ဖိုက်တာ ရှာမေးလ်အာဒိုဂန်ဖြင့် ထိုးသ-တ်မည်
*********************
ONE ၏ ပွဲစဉ်များဖြင့် ဝေးကွာနေသော မြန်မာစပါးအုံးဟု တင်စားခေါ်ဝေါ် ခံရသည့် ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်းသည် လာမည့် စက်တင်ဘာလ(၆) ရက်တွင် တူရကီနိုင်ငံသားဖိုက်တာ ရှာမေးလ် အာဒိုဂန် ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း တရားဝင် အသိပေးထု တ်ပြန်လာပြီ ဖြစ်သည်။
ပြိုင်ဘက်နှစ်ဦးအနေဖြင့် အမေရိကန်နိုင်ငံ ဒန်ဗာမြို့တွင် ကျင်းပပြုလုပ်မည့် ONE 168 ပွဲစဉ်၏ ခြောက်ထောင့် ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း အောင်လအန်ဆန်း၏ ပထမဆုံးပွဲစဉ်တစ်ခုလည်းဖြစ်သည်။
တူရကီနိုင်ငံသားဖိုက်တာ ရှာမေးလ် အာဒိုဂန် က အောင်လအန်ဆန်အား နှစ်ချီမပြည့်ခင် အလဲထိုး သွားမည်ဟု ကြုံးဝါးထားသလို အောင်လအန်ဆန်းဘက်ကလည်း သုံးချီအတွင်း အမြန်ပွဲသိမ်းနိုင်ရန် ကြိုးစားလေ့ကျင့် ပြင်ဆင်နေသည်ဟု ဆိုထားသည်။
အာဒိုဂန်နှင့် ထိုးသ-တ်မည့် ယခု ပွဲစဉ်သည် အောင်လအန်ဆန်းအတွက် အရေးကြီးထိုးသ-တ်ရမည့် ပွဲစဥ်တစ်ခုဖြစ်ပြီးယင်းပွဲကို အနိုင်ရရှိပါက မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပါတ်လုပွဲအတွက် ဆုံးဖြတ် ချက်ချသွားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် တွဲဆိုင်း(၁၂) ဆိုင်း ပါဝင်မည်ဖြစ်ကာ ခေါင်တွဲဆိုင်းအနေဖြင့် ဂျိုနသန် ဟက်ကာတီ၏ ဘမ်တန်ဝိတ်တန်း မွေထိုင်းခါးပတ်ကို စူပါလတ်က စိန်ခေါ်ထိုးသွားမည်ဖြစ်ကာ ဒုတိယခေါင်တွဲဆိုင်းတွင် ကိတ်ရူလိုတိုလိုနှင့် မိုက်ကီတို၏ Submission Grappling ချန်ပီယံပွဲစဉ် တို့ ပါဝင်မည်ဖြစ်သည်။