ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္ အမႈေဆာင္၊ မႏၲေလးတိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႈး ေဒါက္တာေမာင္သင္းမွ ရတနာပုံတကၠသိုလ္တြင္ စာေပေဟာေျပာပြဲ ျပဳလုပ္

မႏၲေလး ဩဂုတ္ ၅
မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕နယ္၊ရတနာပုံတကၠသိုလ္၊ပင္မေလးထပ္ေဆာင္ရွိ ျပည္ေထာင္စုခန္းမ၌ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ေဒါက္တာေမာင္သင္းမွ အလႊာစုံစည္း႐ုံးေရး လုပ္ငန္းစဥ္အျဖစ္ စာေပေဟာေျပာ ပြဲ က်င္းပျပဳလုပ္ခဲ့ပါသည္။
စာေပေဟာေျပာပြဲတြင္ ရတနာပုံတကၠ သိုလ္၊ပါေမာကၡခ်ဳပ္ ေဒါက္တာတင့္မိုးသူဇာမွ ဝမ္းေျမာက္ဂုဏ္ယူေၾကာင္းႏွင့္ေက်းဇူးတင္အဖြင့္စကားေျပာၾကားခဲ့ၿပီး အမ်ိဳးသားစာေပဆုရွင္၊ဆရာႀကီးေဒါက္တာေမာင္သင္း၏ ကိုယ္ေရးအထုပၸတၱိအက်ဥ္းအားဖတ္ၾကားတင္ျပခဲ့ပါသည္။၎ေနာက္ ဆရာႀကီးေဒါက္တာေမာင္သင္းမွ ”ပညာပါမွအျမင့္သို႔ေရာက္မွာ” ေခါင္းစဥ္ျဖင့္ ေဟာေျပာေဆြးေႏြးခဲ့ၿပီး ေဟာေျပာ ပြဲသို႔တက္ေရာက္လာၾကသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားမွ သိရွိလိုသည္မ်ားကို ေမးျမန္းၾကရာ ဆရာႀကီးေဒါက္တာေမာင္သင္းမွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ပါ သည္။
၎ေနာက္ ေဒါက္တာေမာင္သင္းမွ တကၠသိုလ္စာၾကည့္တိုက္သို႔စာအုပ္မ်ိဳးစုံ ၈၅အုပ္အား ေပး အပ္လႉဒါန္းခဲ့ရာ ပါေမာကၡခ်ဳပ္မွ လက္ခံရယူခဲ့ၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္အမွတ္တရ ဂါရဝျပဳလက္ ေဆာင္မ်ား ျပန္လည္းေပးအပ္ခဲ့ၿပီး ၁၂း၄၅ အခ်ိန္တြင္ အခမ္းအနားၿပီးစီးခဲ့ပါသည္။ယေန႔က်င္းပျပဳလုပ္သည့္ စာေပေဟာေျပာပြဲအခမ္းအနားသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလး တိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဆရာႀကီးေဒါက္တာေမာင္သင္း၊အမရပူရခရိုင္ပါတီအတြင္း ေရးမႉး ဦးေဇာ္ေအာင္ထက္၊ရတနာပုံတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာတင့္မိုးသူဇာ၊ပါေမာကၡဌာနမႉးမ်ားႏွင့္တကၠသိုလ္မွတာဝန္ရွိသူမ်ား၊ဆရာ/ဆရာမမ်ား၊ေက်ာင္းသား/ေက်ာင္းသူမ်ား၊စုစုေပါင္း အင္အား ၅၅၀ဦးခန႔္ တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းမှ ရတနာပုံတက္ကသိုလ်တွင် စာပေဟောပြောပွဲ ပြုလုပ်
===========================
မန္တလေး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်၊ပင်မလေးထပ်ဆောင်ရှိ ပြည်ထောင်စုခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာမောင်သင်းမှ အလွှာစုံစည်းရုံးရေး လုပ်ငန်းစဥ်အဖြစ် စာပေဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စာပေဟောပြောပွဲတွင် ရတနာပုံတက္က သိုလ်၊ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာမှ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့်ကျေးဇူးတင်အဖွင့်စကားပြောကြားခဲ့ပြီး အမျိုးသားစာပေဆုရှင်၊ဆရာကြီးဒေါက်တာမောင်သင်း၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းအားဖတ်ကြားတင်ပြခဲ့ပါသည်။၎င်းနောက် ဆရာကြီးဒေါက်တာမောင်သင်းမှ ”ပညာပါမှအမြင့်သို့ရောက်မှာ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြော ပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဆရာကြီးဒေါက်တာမောင်သင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။
၎င်းနောက် ဒေါက်တာမောင်သင်းမှ တက္ကသိုလ်စာကြည့်တိုက်သို့စာအုပ်မျိုးစုံ ၈၅အုပ်အား ပေး အပ်လှူဒါန်းခဲ့ရာ ပါမောက္ခချုပ်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရ ဂါရဝပြုလက် ဆောင်များ ပြန်လည်းပေးအပ်ခဲ့ပြီး ၁၂း၄၅ အချိန်တွင် အခမ်းအနားပြီးစီးခဲ့ပါသည်။ယနေ့ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဆရာကြီးဒေါက်တာမောင်သင်း၊အမရပူရခရိုင်ပါတီအတွင်း ရေးမှူး ဦးဇော်အောင်ထက်၊ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ပါမောက္ခဌာနမှူးများနှင့်တက္ကသိုလ်မှတာဝန်ရှိသူများ၊ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊စုစုပေါင်း အင်အား ၅၅၀ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။