လက္ဘႏြန္ရွိ ျပင္သစ္နိုင္ငံသားမ်ားကိုေနရပ္ျပန္လာရန္ ျပင္သစ္အစိုးရ တိုက္တြန္း

အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာအဖြဲ႕ၾကားအ ျပည့္အဝစစ္ပြဲတစ္ရပ္ျဖစ္ပြားၿပီး ပိုမိုက်ယ္ျပန႔္ေသာ ေဒသတြင္းပဋိပကၡျဖစ္ပြားလာမည့္ အေရးကို စိုးရိမ္မႈမ်ား ျမင့္တက္ေနသည့္ၾကား မွ ျပင္သစ္အစိုးရသည္ ၾသဂုတ္ ၄ ရက္တြင္ လက္ဘႏြန္ရွိ ၎၏နိုင္ငံသားမ်ားကို အျမန္ဆုံးေနရပ္ျပန္လာၾကရန္ တိုက္တြန္းခဲ့သည္။
“လုံျခဳံေရးအေျခအေနအရ တင္းမာမႈအလြန္ ျမင့္တက္လာတဲ့အတြက္ ျပင္သစ္နိုင္ငံသား ေတြအေနနဲ႔ လက္ဘႏြန္နိုင္ငံကေန အျမန္ဆုံးထြက္ခြာလာၾကဖို႔ ထပ္မံတိုက္တြန္းလိုက္ရပါတယ္”ဟု နိုင္ငံျခားေရးဝန္ႀကီးဌာနက လက္ဘႏြန္အတြက္ ၎၏ခရီးသြားလာေရး အႀကံျပဳသတိေပးခ်က္ကို ထုတ္ျပန္ခဲ့သည္။
ၾသဂုတ္ ၃ ရက္က အေမရိကန္ႏွင့္ၿဗိတိန္တို႔သည္ လက္ဘႏြန္ရွိ ၎တို႔နိုင္ငံသားမ်ားကို အျမန္ဆုံးျပန္လာရန္ တိုက္တြန္းခဲ့ၿပီးေနာက္ ျပင္သစ္အစိုးရက ယခုကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
လက္ဘႏြန္တြင္ ပ်မ္းမၽွအားျဖင့္ ျပင္သစ္နိုင္ငံသား ၂၃,၀၀၀ ခန႔္ရသည္ဟုခန႔္ မွန္းထားၿပီး လြန္ခဲ့သည့္လက ျပင္သစ္နိုင္ငံသား ၁၀,၀၀၀ ဝန္းက်င္သည္ လက္ဘႏြန္သို႔ သြားေရာက္လည္ပတ္ခဲ့သည္။
ဆြီဒင္ကလည္း ေဘရြတ္ၿမိဳ႕ေတာ္ရွိ ၎၏သံ႐ုံးကိုပိတ္လိုက္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး နိုင္ငံသားမ်ား အေနျဖင့္ ေနရပ္သို႔ အျမန္ဆုံးျပန္လာရန္ တိုက္တြန္းခဲ့သည္။
Ref: AFP


လက်ဘနွန်ရှိ ပြင်သစ်နိုင်ငံသားများကိုနေရပ်ပြန်လာရန် ပြင်သစ်အစိုးရ တိုက်တွန်း
***************
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြားအ ပြည့်အဝစစ်ပွဲတစ်ရပ်ဖြစ်ပွားပြီး ပိုမိုကျယ်ပြန့်သော ဒေသတွင်းပဋိပက္ခဖြစ်ပွားလာမည့် အရေးကို စိုးရိမ်မှုများ မြင့်တက်နေသည့်ကြား မှ ပြင်သစ်အစိုးရသည် သြဂုတ် ၄ ရက်တွင် လက်ဘနွန်ရှိ ၎င်း၏နိုင်ငံသားများကို အမြန်ဆုံးနေရပ်ပြန်လာကြရန် တိုက်တွန်းခဲ့သည်။
“လုံခြုံရေးအခြေအနေအရ တင်းမာမှုအလွန် မြင့်တက်လာတဲ့အတွက် ပြင်သစ်နိုင်ငံသား တွေအနေနဲ့ လက်ဘနွန်နိုင်ငံကနေ အမြန်ဆုံးထွက်ခွာလာကြဖို့ ထပ်မံတိုက်တွန်းလိုက်ရပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ဘနွန်အတွက် ၎င်း၏ခရီးသွားလာရေး အကြံပြုသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၃ ရက်က အမေရိကန်နှင့်ဗြိတိန်တို့သည် လက်ဘနွန်ရှိ ၎င်းတို့နိုင်ငံသားများကို အမြန်ဆုံးပြန်လာရန် တိုက်တွန်းခဲ့ပြီးနောက် ပြင်သစ်အစိုးရက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လက်ဘနွန်တွင် ပျမ်းမျှအားဖြင့် ပြင်သစ်နိုင်ငံသား ၂၃,၀၀၀ ခန့်ရသည်ဟုခန့် မှန်းထားပြီး လွန်ခဲ့သည့်လက ပြင်သစ်နိုင်ငံသား ၁၀,၀၀၀ ဝန်းကျင်သည် လက်ဘနွန်သို့ သွားရောက်လည်ပတ်ခဲ့သည်။
ဆွီဒင်ကလည်း ဘေရွတ်မြို့တော်ရှိ ၎င်း၏သံရုံးကိုပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံသားများ အနေဖြင့် နေရပ်သို့ အမြန်ဆုံးပြန်လာရန် တိုက်တွန်းခဲ့သည်။
Ref: AFP