ပဲခူးတိုင္းအတြင္း ေရႀကီးမႈေၾကာင့္ ေက်ာင္း ၄၅၀ အထိ ယာယီပိတ္ထားရ

ပဲခူးတိုင္းေဒသႀကီးအတြင္း မိုးသည္းထန္စြာရြာသြန္းၿပီး ေရႀကီးေနမႈေၾကာင့္ ေက်ာင္းေပါင္း(၄၅၀) ကို ယာယီ ေခတၱပိတ္ထားရေၾကာင္း သိရသည္။

ယာယီ ေခတၱပိတ္ထားရေသာ ေက်ာင္းမ်ားသည္ ပဲခူးတိုင္းေဒသႀကီး (အေရွ႕)တြင္ ရွိသည့္ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္မွအေျခခံပညာေက်ာင္း ၁၈၉ ေက်ာင္းႏွင့္ ပဲခူးတိုင္းေဒသႀကီး(အေနာက္)တြင္ရွိသည့္ ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္မွ အေျခခံ ပညာေက်ာင္း ၂၆၁ ေက်ာင္း ျဖစ္သည္။

ယာယီပိတ္ထားရေသာ ေက်ာင္းမ်ားကို ေရျပန္က်သြားခ်ိန္တြင္ သန႔္ရွင္းေရးလုပ္ကာ ျပန္လည္ဖြင့္လွစ္သြားမွာ ျဖစ္ၿပီး စာသင္ခ်ိန္မ်ား ေနာက္က်မႈမရွိေစေရးအတြက္ အခ်ိန္ပိုမ်ားျဖင့္ ျပန္လည္သင္ၾကားေပးမည္ဟုလည္း သိရသည္။

မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနကမူ ပဲခူးၿမိဳ႕တြင္ ၾသဂုတ္ (၁)ရက္မွ (၈) ရက္အထိ မိုးဆက္လက္ သည္းထန္စြာ ရြာသြန္းေနဦးမည္ ျဖစ္ေသာေၾကာင့္ ၿမိဳ႕ခံမ်ားအေနျဖင့္ သတိျပဳေနထိုင္ၾကရန္ လိုအပ္ေနေသးေၾကာင္း အသိေပးထားသည္။

၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလကလည္း ပဲခူးတစ္ၿမိဳ႕လုံး နီးပါး ေရႀကီးနစ္ျမဳပ္မႈျဖစ္ပြားရာ ႏွစ္ေပါင္း (၆၀) အတြင္း အဆိုးရြားဆုံး ေရႀကီးနစ္ျမဳပ္မႈျဖစ္ေပၚခဲ့ရျခင္းေၾကာင့္ ထိုကဲ့သို႔ထပ္မံျဖစ္ပြားမည္ကို စိုးရိမ္ေနရေၾကာင္း ေဒသခံတို႔က ဆိုသည္။


ပဲခူးတိုင်းအတွင်း ရေကြီးမှုကြောင့် ကျောင်း ၄၅၀ အထိ ယာယီပိတ်ထားရ
====================
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေမှုကြောင့် ကျောင်းပေါင်း(၄၅၀) ကို ယာယီ ခေတ္တပိတ်ထားရကြောင်း သိရသည်။

ယာယီ ခေတ္တပိတ်ထားရသော ကျောင်းများသည် ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ရှိသည့် မြို့နယ် ၉ မြို့နယ်မှအခြေခံပညာကျောင်း ၁၈၉ ကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်)တွင်ရှိသည့် မြို့နယ် ၁၁ မြို့နယ်မှ အခြေခံ ပညာကျောင်း ၂၆၁ ကျောင်း ဖြစ်သည်။

ယာယီပိတ်ထားရသော ကျောင်းများကို ရေပြန်ကျသွားချိန်တွင် သန့်ရှင်းရေးလုပ်ကာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး စာသင်ချိန်များ နောက်ကျမှုမရှိစေရေးအတွက် အချိန်ပိုများဖြင့် ပြန်လည်သင်ကြားပေးမည်ဟုလည်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကမူ ပဲခူးမြို့တွင် သြဂုတ် (၁)ရက်မှ (၈) ရက်အထိ မိုးဆက်လက် သည်းထန်စွာ ရွာသွန်းနေဦးမည် ဖြစ်သောကြောင့် မြို့ခံများအနေဖြင့် သတိပြုနေထိုင်ကြရန် လိုအပ်နေသေးကြောင်း အသိပေးထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ပဲခူးတစ်မြို့လုံး နီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာ နှစ်ပေါင်း (၆၀) အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရခြင်းကြောင့် ထိုကဲ့သို့ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတို့က ဆိုသည်။