ပဲရစ္အိုလံပစ္ၿပိဳင္ပြဲတြင္ ၾကက္ေတာင္မယ္ သက္ထားသူဇာ ဂ်ပန္နိုင္ငံသူျဖင့္ အဖြင့္ပြဲစဥ္ ယွဥ္ၿပိဳင္ရမည္

ပဲရစ္အိုလံပစ္ၿပိဳင္ပြဲတြင္ ျမန္မာ့လက္‌ေရြးစင္ ၾကက္ေတာင္မယ္ သက္ထားသူသည္ ကမၻာ့အဆင့္ (၅)ရွိသည့္ ဂ်ပန္ၾကက္ေတာင္မယ္ ယာမာဂူခ်ီ ျဖင့္ ပြဲဦးထြက္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က တရားဝင္အသိေပးထားၿပီျဖစ္သည္။
ပြဲစဥ္အား ဇူလိုင္(၂၇)ရက္ေန႔ ပဲရစ္စံေတာ္ခ်ိန္ ည (၇)နာရီခြဲအခ်ိန္တြင္ ကြင္းအမွတ္(၂)၌ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ေၾကာင္း သိရသည္။
” သက္ထား group C ထဲမွာပါတဲ့ Akane Yamaguchi (Japan) နဲ႔ Michelle Li (Canada) ႏွစ္ေယာက္ထဲမွာ Japan က Akane နဲ႔ အရင္ဦးဆုံး 27th July Olympic ၾကက္ေတာင္ၿပိဳင္ပြဲ စစခ်င္းေန႔မွာ ရိုက္ရမွာျဖစ္ပါတယ္။ အေကာင္းဆုံးယွဥ္ၿပိဳင္သြားမွာပါ။ အားလုံးလဲ အားေပးမယ္လို႔ ေမၽွာ္လင့္ပါတယ္ရွင္”ဟု အသိေပးထားသည္။
ထို႔ေနာက္ ကမၻာ့အဆင့္ (၃၁)ရွိသည့္ ကေနဒါ ၾကက္ေတာင္မယ္ မီရွယ္လီႏွင့္ ထပ္မံယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး သက္ထားသူဇာသည္ ကမ္ယာ့အဆင့္သတ္မွတ္ခ်က္(၄၃) ေနရာတြင္ ရပ္တည္ေနသူ ကစားသမားတစ္ဦးျဖစ္သည္။
သက္ထားသူဇာသည္ ပဲရစ္ အိုလံပစ္ၿပိဳင္ပြဲသို႔ဝင္ေရာက္ရန္ အဆင့္သတ္မွတ္ခ်က္ (၃၆)အထိ ခြင့္ျပဳထားရာ သက္ထားသူဇာအေနျဖင့္ နိုင္ငံတကာ လက္ရည္စမ္းပြဲမ်ားမွ ရမွတ္ (၃၂,၆၃၀)မွတ္ျဖင့္ အဆင့္ရပ္တည္မႈ (၂၂ )ေနရာတြင္ ရရွိခဲ့ျခင္းေၾကာင့္ ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ျခင္း ျဖစ္သည္။
ျမန္မာ့ၾကက္ေတာင္မယ္ သက္‌ထားသူဇာ ပဲရစ္အိုလံပစ္ ၿပိဳင္ပြဲအတြက္ ျပင္သစ္နိုင္ငံ ပဲရစ္ၿမိဳ႕သို႔ ယခုလ ဇူလိုင္ (၂၂)ရက္တြင္ ထြက္ခြာသြားခဲ့ျခင္း ျဖစ္သည္။


ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ကြက်တောင်မယ် သက်ထားသူဇာ ဂျပန်နိုင်ငံသူဖြင့် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမည်

ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာ့လက်‌ရွေးစင် ကြက်တောင်မယ် သက်ထားသူသည် ကမ္ဘာ့အဆင့် (၅)ရှိသည့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီ ဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က တရားဝင်အသိပေးထားပြီဖြစ်သည်။
ပွဲစဉ်အား ဇူလိုင်(၂၇)ရက်နေ့ ပဲရစ်စံတော်ချိန် ည (၇)နာရီခွဲအချိန်တွင် ကွင်းအမှတ်(၂)၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
” သက်ထား group C ထဲမှာပါတဲ့ Akane Yamaguchi (Japan) နဲ့ Michelle Li (Canada) နှစ်ယောက်ထဲမှာ Japan က Akane နဲ့ အရင်ဦးဆုံး 27th July Olympic ကြက်တောင်ပြိုင်ပွဲ စစချင်းနေ့မှာ ရိုက်ရမှာဖြစ်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ အားလုံးလဲ အားပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်”ဟု အသိပေးထားသည်။
ထို့နောက် ကမ္ဘာ့အဆင့် (၃၁)ရှိသည့် ကနေဒါ ကြက်တောင်မယ် မီရှယ်လီနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး သက်ထားသူဇာသည် ကမ္ယာ့အဆင့်သတ်မှတ်ချက်(၄၃) နေရာတွင် ရပ်တည်နေသူ ကစားသမားတစ်ဦးဖြစ်သည်။
သက်ထားသူဇာသည် ပဲရစ် အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၃၆)အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံတကာ လက်ရည်စမ်းပွဲများမှ ရမှတ် (၃၂,၆၃၀)မှတ်ဖြင့် အဆင့်ရပ်တည်မှု (၂၂ )နေရာတွင် ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ကြက်တောင်မယ် သက်‌ထားသူဇာ ပဲရစ်အိုလံပစ် ပြိုင်ပွဲအတွက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ယခုလ ဇူလိုင် (၂၂)ရက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။