ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ ေတာင္သူလယ္သမားေရးရာတာဝန္ခံ ဦး​ေအာင္တင္ျမင့္ ထန္းတပင္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ ေတာင္သူလယ္သမားမ်ားႏွင့္ေတြ႕ဆုံ

ထန္းတပင္-ဇူလိုင္ ၆
ရန္ကုန္တိုင္းေဒသႀကီး-ေမွာ္ဘီခရိုင္-ထန္းတပင္ၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ႐ုံး၌(၆.၇.၂၀၂၄)ရက္ေန႔ မြန္းလြဲ( ၁၃း၀၀)အခ်ိန္က ထန္းတပင္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတာင္သူလယ္သမားမ်ားႏွင့္ေတြ႕ဆုံပြဲက်င္းပျပဳလုပ္ခဲ့​ပါသည္။
အဆိုပါေတြ႕ဆုံပြဲကိုအခမ္းအနားအစီအစဥ္ (၉)ရပ္ျဖင့္က်င္းပရာ-အစီအစဥ္( ၁) အရ အခမ္းအနားဖြင့္လွစ္ျခင္း ၊( ၂) နိုင္ငံေတာ္အလံအေလးျပဳျခင္းႏွင့္ နိုင္ငံေတာ္သီခ်င္းသီဆိုျခင္း( ၃) ရန္ကုန္တိုင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးမွအဖြင့္အမွာစကားေျပာၾကားျခင္း( ၄) ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီဗဟိုအလုပ္အမႈေဆာင္ ေတာင္သူလယ္သမားေရးရာတာဝန္ခံ ဦးေအာင္တင္ျမင့္မွ လမ္းညႊန္အမွာစကား​ေျပာၾကားျခင္းႏွင့္ ( ၅) တက္ေရာက္လာၾကသည့္ပါတီဝင္လယ္သမားမ်ားက လယ္ယာေျမလုပ္ငန္းတြင္အခက္အခဲရွိသည့္နည္းစနစ္ပိုင္းဆိုင္ရာ ၊လယ္ယာေျမစိုက္ပ်ိဳးရာတြင္အသုံးျပဳသည့္ဓာတ္ေျမၾသဇာ ၊စက္သုံးဆီေစ်းႏႈန္းသက္သာစြာရရွိေရး၊လယ္ယာေျမအခန္းက႑တြင္လိုအပ္လ်က္ရွိသည့္ လယ္ယာေျမမွတ္ပုံတင္ပိုင္ဆိုင္မႈမ်ားအေၾကာင္း၊ေဆြးေႏြးေမးျမန္းခဲ့ရာ လယ္ယာလုပ္ငန္းအခန္းက႑မ်ားကို ရန္ကုန္တိုင္း ပါတီဥကၠ႒ႏွင့္ ဗဟို ေတာင္သူလယ္သမားေရးရာတာဝန္ခံတို႔ကျပန္လည္ရွင္းလင္းေဆြးေႏြးျခင္းႏွင့္ လိုအပ္သည္မ်ားကို ကူညီေဆာင္ရြက္ေပးမည့္အစီအစဥ္မ်ားကိုရွင္းလင္းေျပာၾကားခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ရန္ကုန္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ားျဖစ္ၾကေသာ နယ္ေျမတာဝန္ခံေဒါက္တာေနလင္း၊ရန္ကုန္တိုင္းေတာင္သူလယ္သမားေရးရာတာဝန္ခံ ဦးသန္းျမင့္တို႔ကပါတီဝင္ေတာင္သူလယ္သမားမ်ားႏွင့္ညႇိႏွိင္းေဆြးေႏြးမႈမ်ားျပဳလုပ္ျခင္း၊ ရန္ကုန္တိုင္းပါတီေကာ္မတီဝင္ လူငယ္ေရးရာတာဝန္ခံ ေဒါက္တာထြန္းထြန္းဝင္းမွ လူငယ္မ်ားႏွင့္ေတြ႕ဆုံျခင္း ရန္ကုန္တိုင္းပါတီေကာ္မတီဝင္ အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒၚစန္းစန္းဝင္းမွ အမ်ိဳးသမီးေရးရာအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ တိုက္ႀကီးခရိုင္ပါတီဥကၠ႒ႏွင့္အဖြဲ႕ဝင္မ်ား ၊ေမွာ္ဘီခရိုင္ပါတီေကာ္မတီအဖြဲ႕ဝင္မ်ား၊ထန္းတပင္ၿမိဳ႕နယ္ပါတီဥကၠဌႏွင့္ေကာ္မတီဝင္မ်ား၊လူငယ္အဖြဲ႕ ၊အမ်ိဳးသမီးေရးရာအဖြဲ႕၊ ထန္းတပင္ၿမိဳ႕နယ္ပါတီအတြင္းေရးမႈး ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ား ၊ရပ္/ ေက်းပါတီဥကၠ႒ မ်ားႏွင့္ပါတီဝင္လယ္သမားမ်ားစုစုေပါင္း( ၁၈၀ )ဦးတက္ေရာက္ခဲ့ၿပီးအစီအစဥ္( ၉.)အရ ေတြ႕ဆုံပြဲကိုမြန္းလြဲ(၁၄း၃၀) အခ်ိန္တြင္ေအာင္ျမင္စြာၿပီးဆုံးခဲ့ပါသည္။

++++++++++++++++++

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ တောင်သူလယ်သမားရေးရာတာဝန်ခံ ဦး​အောင်တင်မြင့် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တောင်သူလယ်သမားများနှင့်တွေ့ဆုံ
=========================
ထန်းတပင်-ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး-မှော်ဘီခရိုင်-ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌(၆.၇.၂၀၂၄)ရက်နေ့ မွန်းလွဲ( ၁၃း၀၀)အချိန်က ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တောင်သူလယ်သမားများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့​ပါသည်။
အဆိုပါတွေ့ဆုံပွဲကိုအခမ်းအနားအစီအစဉ် (၉)ရပ်ဖြင့်ကျင်းပရာ-အစီအစဥ်( ၁) အရ အခမ်းအနားဖွင့်လှစ်ခြင်း ၊( ၂) နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း( ၃) ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှအဖွင့်အမှာစကားပြောကြားခြင်း( ၄) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်မှ လမ်းညွှန်အမှာစကား​ပြောကြားခြင်းနှင့် ( ၅) တက်ရောက်လာကြသည့်ပါတီဝင်လယ်သမားများက လယ်ယာမြေလုပ်ငန်းတွင်အခက်အခဲရှိသည့်နည်းစနစ်ပိုင်းဆိုင်ရာ ၊လယ်ယာမြေစိုက်ပျိုးရာတွင်အသုံးပြုသည့်ဓာတ်မြေသြဇာ ၊စက်သုံးဆီစျေးနှုန်းသက်သာစွာရရှိရေး၊လယ်ယာမြေအခန်းကဏ္ဍတွင်လိုအပ်လျက်ရှိသည့် လယ်ယာမြေမှတ်ပုံတင်ပိုင်ဆိုင်မှုများအကြောင်း၊ဆွေးနွေးမေးမြန်းခဲ့ရာ လယ်ယာလုပ်ငန်းအခန်းကဏ္ဍများကို ရန်ကုန်တိုင်း ပါတီဥက္ကဋ္ဌနှင့် ဗဟို တောင်သူလယ်သမားရေးရာတာဝန်ခံတို့ကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော နယ်မြေတာဝန်ခံဒေါက်တာနေလင်း၊ရန်ကုန်တိုင်းတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးသန်းမြင့်တို့ကပါတီဝင်တောင်သူလယ်သမားများနှင့်ညှိနှိင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ ရန်ကုန်တိုင်းပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာထွန်းထွန်းဝင်းမှ လူငယ်များနှင့်တွေ့ဆုံခြင်း ရန်ကုန်တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ အမျိုးသမီးရေးရာအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုက်ကြီးခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊မှော်ဘီခရိုင်ပါတီကော်မတီအဖွဲ့ဝင်များ၊ထန်းတပင်မြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊လူငယ်အဖွဲ့ ၊အမျိုးသမီးရေးရာအဖွဲ့၊ ထန်းတပင်မြို့နယ်ပါတီအတွင်းရေးမှုး မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်/ ကျေးပါတီဥက္ကဋ္ဌ များနှင့်ပါတီဝင်လယ်သမားများစုစုပေါင်း( ၁၈၀ )ဦးတက်ရောက်ခဲ့ပြီးအစီအစဥ်( ၉.)အရ တွေ့ဆုံပွဲကိုမွန်းလွဲ(၁၄း၃၀) အချိန်တွင်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။