


++++++++++++++++++++++++++

ကစားသမားဘဝကနေ အနားယူတော့မယ့် သီယာဂို
================
သီယာဂိုအယ်လ်ကန်တာရာ ကတော့ ကစားသမားဘဝကနေ အနားယူဖို့ဆုံးဖြတ်ချက်ချခဲ့ပြီလို့ နာမည်ကျော်ဘောလုံးသတင်းထောက် ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်သာရှိနေသေးတဲ့ သူ့အတွက် နောက်ထပ်ကစားဦးမယ်ဆိုရင် အကောင်းဆုံး ကစားလို့ရနိုင်သေးတဲ့ အခြေအနေမှာရှိနေပေမယ့် သီယာဂိုကတော့ အနားယူဖို့ဆုံးဖြတ်ချက်ချသွားခဲ့ပါပြီ။
ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်တို့လိုထိပ်တန်းအသင်းတွေမှာ အကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ခဲ့တဲ့ စပိန်သားဟာ သူ့ကစားသမားဘဝမှာ အောင်မြင်မှုမှတ်တိုင်များစွာစိုက်ထူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ဒဏ်ရာပြဿနာတွေရဲ့ထိုးနှက်မှုတွေကြောင့် ကစားသမားဘဝက စောစီးစွာ အနားယူဖို့ အကြောင်းဖန် လာခဲ့တယ်လို့ ထင်မိပါတယ်။