ဆရာဝန္မ်ား လုပ္ငန္းခြင္ျပန္ဝင္ရန္ ေတာင္ကိုရီးယားအစိုးရအမိန႔္ထုတ္

ဆိုးလ္၊ဇြန္ ၁၈
ေတာင္ကိုရီးယား၌ ‌အစိုးရက ေဆးေက်ာင္းဝင္ခြင့္တိုးျမႇင့္သတ္မွတ္လိုက္သည္ကို မေက်နပ္သျဖင့္ လႏွင့္ခ်ီကာ ဆႏၵထုတ္ေဖာ္ေနၾကသည့္ဆရာဝန္မ်ားကို လုပ္ငန္းခြင္ သို႔ ျပန္လည္ ဝင္ ေရာက္ရန္ အစိုးရက အမိန႔္စာထုတ္ၿပီးထပ္မံတိုက္တြန္းလိုက္ေၾကာင္းသိရသည္။
ဆႏၵထုတ္ေဖာ္မႈ၌ပါဝင္ရန္အတြက္ ပုဂၢလိကေဆးခန္း ၃၆,၀၀၀ ခန႔္ပိတ္သိမ္းမည့္အေၾကာင္းၾကားစာသည္ ဝင္လာေၾကာင္း က်န္းမာေရးဝန္ႀကီးကေျပာၾကားခဲ့သည္။
အလုပ္ျပန္ဆင္းရန္ အမိန႔္ကို မလိုက္နာသည့္ဆရာဝန္မ်ားကို ေဆးကုသခြင့္လိုင္စင္ပိတ္သိမ္းခံမည္ သို႔မဟုတ္ အျခားေသာ နည္းလမ္းမ်ား အေရးယူမည္ဟု အစိုးရကသတိေပးခဲ့သည္။
သမၼတယြန္းကမူ ဆရာဝန္မ်ား၏သပိတ္ေမွာက္မႈသည္ ဝမ္းနည္းစိတ္ပ်က္စရာျဖစ္သည္ဟုဆိုၿပီးလူနာမ်ားကို လ်စ္လ်ဴရႈထားသည့္ တရားမဝင္ လုပ္ရပ္အျဖစ္ အစိုးရက တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေျဖရွင္းရန္မွလြဲ၍ ေရြးခ်ယ္စရာမရွိဟုဆိုကာ ဆရာဝန္မ်ား အလုပ္ျပန္ဝင္ပါက အတူတကြလက္တြဲလုပ္ေဆာင္ရန္လည္းကမ္းလွမ္းခဲ့သည္။
ကိုရီးယားဆရာဝန္မ်ားအသင္းက ယခုဆႏၵထုတ္ေဖာ္မႈကို ဦးေဆာင္ခဲ့ၿပီး ေဆးေက်ာင္းဝင္ခြင့္တိုးျမႇင့္လိုက္မႈကို အစိုးရအေနျဖင့္ ျပန္လည္သုံးသပ္ရန္လည္းေတာင္းဆိုခဲ့သည္။
“အစိုးရအာဏာပိုင္ေတြအေနနဲ႔ ဆရာဝန္ေတြကို လူ႔အသက္ကယ္ေပးတဲ့ကၽြမ္းက်င္သူမ်ားအျဖစ္ ေလးေလးစားစားဆက္ဆံသင့္ပါတယ္၊ဆရာဝန္ေတြဆိုတာ ကၽြန္‌ေတြမဟုတ္တာမို႔ သူတို႔အသံကိုအေလးထားနားေထာင္သင့္ပါတယ္” ဟုလည္း ဆရာဝန္မ်ားအသင္းဥကၠဌကေျပာၾကားခဲ့သည္။
သို႔ေသာ္ ေကာက္ယူရရွိေသာစစ္တမ္းမ်ားအရ ေတာင္ကိုရီးယားျပည္သူဆယ္ဦးအနက္ ရွစ္ဦးနီးပါးက ဆရာဝန္မ်ား၏ ယခုဆႏၵထုတ္ေဖာ္မႈအား ဆန႔္က်င္ခဲ့ၾကေၾကာင္းလည္းသိရသည္။
Source : ရိုက္တာ/အာစီ

++++++++++++++++++++++++

ဆရာဝန်များ လုပ်ငန်းခွင်ပြန်ဝင်ရန် တောင်ကိုရီးယားအစိုးရအမိန့်ထုတ်
===================================
ဆိုးလ်၊ဇွန် ၁၈
တောင်ကိုရီးယား၌ ‌အစိုးရက ဆေးကျောင်းဝင်ခွင့်တိုးမြှင့်သတ်မှတ်လိုက်သည်ကို မကျေနပ်သဖြင့် လနှင့်ချီကာ ဆန္ဒထုတ်ဖော်နေကြသည့်ဆရာဝန်များကို လုပ်ငန်းခွင် သို့ ပြန်လည် ဝင် ရောက်ရန် အစိုးရက အမိန့်စာထုတ်ပြီးထပ်မံတိုက်တွန်းလိုက်ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်မှု၌ပါဝင်ရန်အတွက် ပုဂ္ဂလိကဆေးခန်း ၃၆,၀၀၀ ခန့်ပိတ်သိမ်းမည့်အကြောင်းကြားစာသည် ဝင်လာကြောင်း ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။
အလုပ်ပြန်ဆင်းရန် အမိန့်ကို မလိုက်နာသည့်ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံမည် သို့မဟုတ် အခြားေသာ နည်းလမ်းများ အရေးယူမည်ဟု အစိုးရကသတိပေးခဲ့သည်။
သမ္မတယွန်းကမူ ဆရာဝန်များ၏သပိတ်မှောက်မှုသည် ဝမ်းနည်းစိတ်ပျက်စရာဖြစ်သည်ဟုဆိုပြီးလူနာများကို လျစ်လျူရှုထားသည့် တရားမဝင် လုပ်ရပ်အဖြစ် အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းရန်မှလွဲ၍ ရွေးချယ်စရာမရှိဟုဆိုကာ ဆရာဝန်များ အလုပ်ပြန်ဝင်ပါက အတူတကွလက်တွဲလုပ်ဆောင်ရန်လည်းကမ်းလှမ်းခဲ့သည်။
ကိုရီးယားဆရာဝန်များအသင်းက ယခုဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့ပြီး ဆေးကျောင်းဝင်ခွင့်တိုးမြှင့်လိုက်မှုကို အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ရန်လည်းတောင်းဆိုခဲ့သည်။
“အစိုးရအာဏာပိုင်တွေအနေနဲ့ ဆရာဝန်တွေကို လူ့အသက်ကယ်ပေးတဲ့ကျွမ်းကျင်သူများအဖြစ် လေးလေးစားစားဆက်ဆံသင့်ပါတယ်၊ဆရာဝန်တွေဆိုတာ ကျွန်‌တွေမဟုတ်တာမို့ သူတို့အသံကိုအလေးထားနားထောင်သင့်ပါတယ်” ဟုလည်း ဆရာဝန်များအသင်းဥက္ကဌကပြောကြားခဲ့သည်။
သို့သော် ကောက်ယူရရှိသောစစ်တမ်းများအရ တောင်ကိုရီးယားပြည်သူဆယ်ဦးအနက် ရှစ်ဦးနီးပါးက ဆရာဝန်များ၏ ယခုဆန္ဒထုတ်ဖော်မှုအား ဆန့်ကျင်ခဲ့ကြကြောင်းလည်းသိရသည်။
Source : ရိုက်တာ/အာစီ