ဒေးဒရဲ ပြည်ခိုင်ဖြိုးပါတီ တိုင်း/ ခရိုင် / မြို့နယ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

22.11.2022 ရက်နေ့တွင် တိုင်းပါတီကော်မီဝင်ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင် ဥက္ကဌ ဦးစန်းမောင်၊နယ်မြေခံဒေါ်အေးသီတာ တို့မှဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစ်လပ်အတွင်းရေးမှုးနှင့် ဘဏ္ဍာရေးမှုး ရွေးချယ်ရာ အတွင်းရေးမှုး ဦးမျိုးဇော်ဦး ဘဏ္ဍာရေးမှုး ဒေါ်သင်းသင်းမွန်တို့အား  ပါတီကော်မတီဝင်များ၏ဆန္ဒအရ ရွေးချယ် ဖွဲ့စည်းခဲ့ ပါကြောင်းနှင့် ရက်(၉၀)စီမံချက်အရ ပါတီဝင်အင်အားမှန်ကန်ရေး ဝန်းရံအင်အားခိုင်မာရေး တာဝန်ယူထားသော နယ်မြေများတွင်ရေးရာအလိုက် ကျစ်လစ်စွာဆောင်ရွက်နိုင်မည့်အစီအစဉ်များနှင့် ပါတီဥက္ကဌကြီး၏အသေးစိတ် ဆောင်ရွက်ရမည့်အခြေအနေများအားအပြန်အလှန်ဆွေးနွေးကြရာတွင် ဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အကူညီ ပေးရေး အဖွဲ့ ကို 15.11.2022ရက်နေ့တွင် ဖွဲ့စည်းပြီးစတင်ကူညီဆောင်ရွက် နေကြောင်းနှင့် အခြားသော ဆောင်ရွက်နေဆဲ လုပ်ငန်းစဥ်များအားလည်း ခေတ္တပါတီဥက္ကဌ ဦးမျိုးဇော်ဦးမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။