ျန်ပီယံလိဂ် အနီကတ်ပြစ်ဒဏ်အတွက် စီရော်နယ်လ်ဒို (၁) ပွဲပယ်သာ ချမှတ်ခံရ၊ အသင်းဟောင်း မန်ယူနဲ့ပွဲမှာ ပါဝင်ကစားနိုင်မည်

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပွဲပယ်ပြစ်ဒဏ် ၁ ပွဲသာ ကျခံရမှာဖြစ်ကြောင်း UEFA ရဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ် ကစားခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ မူရီလိုကို ဝင်တိုက်ခဲ့ပြီး ခေါင်းကို ကိုင်ခဲ့တာကြောင့် ပွဲချိန် ၂၉ မိနစ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရာတဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ဟာ သူ့ရဲ့ ချန်ပီယံလိဂ် ၁၅၄ ပွဲမှာ ပထမဆုံး အနီကတ်ပြသခံရတာလည်းဖြစ်ပါတယ်။

“UEFA စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (CEDB)ဟာ ဂျူဗင်တပ်စ်အသင်းကစားသမား စီရော်နယ်လ်ဒိုကို ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲပယ် ပြစ်ဒဏ်ချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လာမယ့်ပွဲတွေကို ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။”လို့ UEFA ကြေညာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ တိုက်ရိုက်အနီကတ်ဟာ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမယ့် အခြေအနေဖြစ်ပေမယ့်လည်း CEDB က ပြန်လည်စိစစ်သုံးသပ်အပြီးမှာတော့ ၁ ပွဲပယ်အဖြစ် လျော့ချပေးခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ UEFA စည်းမျဉ်းစည်းကမ်း ပုဒ်မ၊ ၁၅ ကို ချိုးဖောက်ခဲ့တာကြောင့် အခုလို အရေးယူ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ CEDB က ထည်းသွင်း ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် စီရော်နယ်လ်ဒိုဟာ ဆွစ်ဇလန်ကလပ် ယန်းဘွိုင်းစ်အသင်းနဲ့ ကစားရမယ့် အုပ်စုပွဲစဉ် ၂ တစ်ပွဲတည်းကိုသာ လွဲချော်မှာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ပွဲမျှာ ပါဝင် ကစားနိုင်မှာဖြစ်ပါတယ်။

Ref; EFE-EPA