ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ် ရပ်/ကျေး ပါတီအလုပ်အမှုဆောင်များ တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်းသည် သထုံမြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ သထုံခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီအမှုဆောင်များနှင့် ၁၄.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် တွေ့ဆုံခဲ့ပါသည်။
ပထမဦးစွာ ပြည်နယ်ပါတီဥက္ကဌမှ စည်းရုံးရေးဆိုင်ရာကိစ္စများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်၊ ရပ်/ကျေးများမှ တင်ပြဆွေးနွေးမှုအပေါ် ပြည်လည်ဖြည့်စွက် ရှင်းလင်းခဲ့ပြီး နေ့လည် ၁း၀၀ နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်