Fary Taxi နဲ႔ စပြန္ဆာစာခ်ဳပ္,ခ်ဳပ္လိုက္တဲ့ သန႔္ဇင္

Fary Taxi စီးပြားေရးလုပ္ငန္းစုဟာ One Championship မွာ ထင္ေပၚလာတဲ့ သန႔္ဇင္ ကို စပြန္ဆာစာခ်ဳပ္တစ္ရပ္ လက္မွတ္ေရးထိုး ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
Fary Taxi နဲ႔ တက္သစ္စ ျမန္မာဖိုက္တာ သန႔္ဇင္တို႔ရဲ့စပြန္ဆာစာခ်ဳပ္ လက္မွတ္ေရးထိုးပြဲကို နိုဗိုတယ္လ္ဟိုတယ္မွာ ေအာက္တိုဘာလ ၂၀ ရက္ေန႔က က်င္းပခဲ့ပါတယ္။
Fary Taxi ဟာ သန႔္ဇင္ရဲ့ သြားေရးလာေရးကိစၥရပ္ေတြ အပါအဝင္ တျခားေသာအခန္းက႑ေတြကို ပံ့ပိုးေပးသြားဖို႔ ရွိေနတယ္လို႔ ဆိုပါတယ္။
စပြန္ဆာစာခ်ဳပ္မွာ ပါရွိတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ႏွစ္ဦးႏွစ္ဖက္လုံးက ထုတ္ျပန္အသိေပးျခင္း မရွိခဲ့ပါဘူး။
ျမန္မာ့လက္ေဝွ႕ကို အားေပသူေတြကလည္း အခုလိုအလားအလာရွိတဲ့ တက္သစ္စ ဖိုက္တာေလးေတြကို စပြန္ဆာစာခ်ဳပ္,ခ်ဳပ္ဆိုတာဟာ အားေပးရမယ့္အျပဳအမူျဖစ္ၿပီး ပုံရိပ္အသုံးျပဳမွုဆိုင္ရာ စပြန္ဆာစာခ်ဳပ္ေတြကို ကစားသမားေတြ ရရွိမယ္ဆိုရင္ အခုထက္ပိုၿပီး လ်င္လ်င္ျမန္ျမန္တိုးတက္လာနိုင္လိမ့္မယ္လို႔ မွတ္ခ်က္ေပးထားၾကပါတယ္။


Fary Taxi နဲ့ စပွန်ဆာစာချုပ်,ချုပ်လိုက်တဲ့ သန့်ဇင်
———————
Fary Taxi စီးပွားရေးလုပ်ငန်းစုဟာ One Championship မှာ ထင်ပေါ်လာတဲ့ သန့်ဇင် ကို စပွန်ဆာစာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Fary Taxi နဲ့ တက်သစ်စ မြန်မာဖိုက်တာ သန့်ဇင်တို့ရဲ့စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးပွဲကို နိုဗိုတယ်လ်ဟိုတယ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
Fary Taxi ဟာ သန့်ဇင်ရဲ့ သွားရေးလာရေးကိစ္စရပ်တွေ အပါအဝင် တခြားသောအခန်းကဏ္ဍတွေကို ပံ့ပိုးပေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
စပွန်ဆာစာချုပ်မှာ ပါရှိတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ နှစ်ဦးနှစ်ဖက်လုံးက ထုတ်ပြန်အသိပေးခြင်း မရှိခဲ့ပါဘူး။
မြန်မာ့လက်ဝှေ့ကို အားပေသူတွေကလည်း အခုလိုအလားအလာရှိတဲ့ တက်သစ်စ ဖိုက်တာလေးတွေကို စပွန်ဆာစာချုပ်,ချုပ်ဆိုတာဟာ အားပေးရမယ့်အပြုအမူဖြစ်ပြီး ပုံရိပ်အသုံးပြုမှုဆိုင်ရာ စပွန်ဆာစာချုပ်တွေကို ကစားသမားတွေ ရရှိမယ်ဆိုရင် အခုထက်ပိုပြီး လျင်လျင်မြန်မြန်တိုးတက်လာနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးထားကြပါတယ်။