အားကစားကေလာင္ရွင္မ်ား ခ်ီးျမႇင့္သည့္ဆုကို မန္ယူနည္းၿပ တန္ဟတ္ ရရွိ

ေအာက္တိုဘာလ(၂၀)ရက္ေန႔က အဂၤလန္နိုင္ငံမွာျပဳလုပ္တဲ့ အားကစားကေလာင္ရွင္မ်ား အစည္းအ႐ုံးရဲ့ ညစာ စားပြဲအခမ္းအနားမွာ မန္ယူအသင္းရဲ့နည္းၿပ တန္ဟတ္က အားကစားကေလာင္ရွင္ေတြက ေပးအပ္ခ်ီးျမႇင့္တဲ့ အေကာင္းဆုံးဆုကို ရယူနိုင္ခဲ့ပါတယ္။
တန္ဟတ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက မန္ယူအသင္းကို အက္ဖ္ေအ ဖလားရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာ ေၾကာင့္ အားကစားကေလာင္ရွင္ေတြက ေပးအပ္တဲ့ဆုကို ခ်ီးျမႇင့္ခံခဲ့ ရတာပါ။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ေဘာလုံး ရာသီက အက္ဖ္ေအဖလား ဗိုလ္လုပြဲစဥ္မွာ မန္စီးတီးအသင္းနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ေပမယ့္လည္း (၂)ဂိုး၊ (၁)ဂိုးနဲ႔ အနိုင္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တာေၾကာင့္ အက္ဖ္ေအဖလား ခ်န္ပီယံဆုကို သိမ္းပိုက္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေဘာလုံးရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၈) ေနရာမွာသာ ရပ္တည္နိုင္ခဲ့ေပမယ့္ အက္ဖ္ေအ ဖလားကို ရယူနိုင္ခဲ့တာေၾကာင့္ မန္ယူအသင္းဟာ အခုႏွစ္မွာ ယူရိုပါလိဂ္ၿပိဳင္ပြဲဝင္ခြင့္ကို ရရွိခဲ့ပါတယ္။
အခုလိုမ်ိဳး အေကာင္းဆုံးဆုကို ေရြးခ်ယ္ေပးခဲ့တဲ့အတြက္ အားကစား ကေလာင္ရွင္မ်ား အစည္းအ႐ုံးကို ေက်းဇူး တင္မိသလို ဖလားေတြရယူနိုင္ဖို႔အတြက္လည္း ႀကိဳးစားသြားမယ္လို႔ မန္ယူနည္းၿပ တန္ဟတ္က ဆုခ်ီးျမႇင့္ပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။


အားကစားကလောင်ရှင်များ ချီးမြှင့်သည့်ဆုကို မန်ယူနည်းပြ တန်ဟတ် ရရှိ
———————-
အောက်တိုဘာလ(၂၀)ရက်နေ့က အင်္ဂလန်နိုင်ငံမှာပြုလုပ်တဲ့ အားကစားကလောင်ရှင်များ အစည်းအရုံးရဲ့ ညစာ စားပွဲအခမ်းအနားမှာ မန်ယူအသင်းရဲ့နည်းပြ တန်ဟတ်က အားကစားကလောင်ရှင်တွေက ပေးအပ်ချီးမြှင့်တဲ့ အကောင်းဆုံးဆုကို ရယူနိုင်ခဲ့ပါတယ်။
တန်ဟတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူအသင်းကို အက်ဖ်အေ ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ကြောင့် အားကစားကလောင်ရှင်တွေက ပေးအပ်တဲ့ဆုကို ချီးမြှင့်ခံခဲ့ ရတာပါ။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပေမယ့်လည်း (၂)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အက်ဖ်အေဖလား ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် အက်ဖ်အေ ဖလားကို ရယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းဟာ အခုနှစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရရှိခဲ့ပါတယ်။
အခုလိုမျိုး အကောင်းဆုံးဆုကို ရွေးချယ်ပေးခဲ့တဲ့အတွက် အားကစား ကလောင်ရှင်များ အစည်းအရုံးကို ကျေးဇူး တင်မိသလို ဖလားတွေရယူနိုင်ဖို့အတွက်လည်း ကြိုးစားသွားမယ်လို့ မန်ယူနည်းပြ တန်ဟတ်က ဆုချီးမြှင့်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။