One Friday Fights 84 ပြဲစဥ္တြင္ ျမန္မာကိုယ္စားျပဳ ဖိုက္တာ(၂)ဦး ပါဝင္ထိုးသတ္မည္

လာမည့္ေအာက္တိုဘာ (၂၅)ရက္ ည(၇) နာရီခြဲအခ်ိန္တြင္ ျပဳလုပ္မည့္ One Friday Fights 84 ပြဲစဥ္တြင္ ျမန္မာကိုယ္စားျပဳ ဖိုက္တာ (၂) ဦး ပါဝင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း ONE ၏ တရားဝင္ အသိေပးထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ဖိုက္တာႏွစ္ဦးမွာ ရိုးရာဖိုက္တာ ေစာအဲမြီႏွင့္ ေမြထိုင္းဖိုက္တာ ဆြန္ရက္တို႔ျဖစ္ၿပီး ေစာအဲမြီအေနျဖင့္ ဂမ္ဘီယာ/ဆြတ္ဇလန္ဖိုက္တာႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္သြားရမည္ျဖစ္သလို ဆြန္ရက္အေနျဖင့္ ဂ်ပန္နိုင္ငံသားႏွင့္ ယွဥ္ၿပိဳင္ ထိုးသတ္သြားၾကရမည္ျဖစ္သည္။
ရိုးရာဖိုက္တာ ေစာအဲမြီအေနျဖင့္ ONE တြင္ ဒုတိယအႀကိမ္ ယွဥ္ၿပိဳင္ထိုးသတ္ျခင္းျဖစ္ကာ လက္ရွိတြင္ ထိုင္းနိုင္ငံသို႔ ေရာက္ရွိေနၿပီး ေလ့က်င္ျပင္ဆင္မွုမ်ားျပဳလုပ္လၽွက္ရွိေၾကာင္း သိရသည္။


One Friday Fights 84 ပွဲစဉ်တွင် မြန်မာကိုယ်စားပြု ဖိုက်တာ(၂)ဦး ပါဝင်ထိုးသတ်မည်
=====================
လာမည့်အောက်တိုဘာ (၂၅)ရက် ည(၇) နာရီခွဲအချိန်တွင် ပြုလုပ်မည့် One Friday Fights 84 ပွဲစဉ်တွင် မြန်မာကိုယ်စားပြု ဖိုက်တာ (၂) ဦး ပါဝင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ONE ၏ တရားဝင် အသိပေးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖိုက်တာနှစ်ဦးမှာ ရိုးရာဖိုက်တာ စောအဲမွီနှင့် မွေထိုင်းဖိုက်တာ ဆွန်ရက်တို့ဖြစ်ပြီး စောအဲမွီအနေဖြင့် ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သလို ဆွန်ရက်အနေဖြင့် ဂျပန်နိုင်ငံသားနှင့် ယှဉ်ပြိုင် ထိုးသတ်သွားကြရမည်ဖြစ်သည်။
ရိုးရာဖိုက်တာ စောအဲမွီအနေဖြင့် ONE တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ကာ လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး လေ့ကျင်ပြင်ဆင်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။