Hacker ေတြက ဖုန္စုပ္စက္႐ုပ္ေတြကို Hack ၿပီး ေပါက္ကရ ျပဳလုပ္ခဲ့

Family resting while robotic vacuum cleaner doing its work at home

စမတ္ဖုန္း ၊ တက္ဘလက္နဲ႔ကြန္ျပဴတာေတြဟာ Hacker ေတြရဲ့ ထိန္းခ်ဳပ္မွုကို ခံရနိုင္တဲ့ ျပႆနာေတြ ရွိေနပါတယ္။ အဲဒါေတြတင္မကေသးပါဘူး။ ဖုန္စုပ္စက္႐ုပ္လို အင္တာနက္ ခ်ိတ္ဆက္နိုင္တဲ့ အီလက္ထေရာနစ္ ပစၥည္းေတြကိုလည္း Hacker ေတြက ထိန္းခ်ဳပ္နိုင္ၾကပါတယ္။
ဒီႏွစ္ အေစာပိုင္းမွာ အေမရိကန္မွာ Hacker ေတြက ဖုန္စုပ္စက္႐ုပ္ေတြကို Hack ၿပီး ေပါက္ကရေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ Hacker ေတြဟာ ဖုန္စုပ္စက္႐ုပ္ေတြကို ထိန္းခ်ဳပ္ၿပီး အိမ္မွာ လူမ်ိဳးေရးခြဲျခားတဲ့ စကားေတြ ေျပာတာ၊ အိမ္မွာ ရွိတဲ့ ေခြးေတြ၊ ေၾကာင္ေတြ အေနာက္ကို လိုက္ခိုင္းတာေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။
ဖုန္စုပ္စက္႐ုပ္ ပိုင္ရွင္ တစ္ေယာက္က ဖုန္စုပ္စက္ဟာ သူ႔ရဲ့ ေခြး အေနာက္ကို လိုက္ေနခဲ့တယ္လို႔ ေျပာပါတယ္။
မင္နီဆိုးတားမွ ေရွ႕ေန တစ္ေယာက္က သူ႔ရဲ့ ဖုန္စုပ္စက္႐ုပ္ဟာ ဇနီးနဲ႔ သားရွိတဲ့ ဧည့္ခန္းထဲ ေရာက္လာၿပီး ေအာ္ဟစ္ခဲ့တယ္လို႔ ေျပာပါတယ္။ Hacker ဟာ ဖုန္စုပ္စက္႐ုပ္မွာ ပါတဲ့ ကင္မရာ ကေန အိမ္သားေတြကို ေတြ႕နိုင္ၿပီး အခုလို ေအာ္ဟစ္ခဲ့တာျဖစ္နိုင္ပါတယ္။
အဲဒီဖုန္စုပ္စက္႐ုပ္ေတြကို ထုတ္လုပ္ေရာင္းခ်ထားတာက တ႐ုတ္ ကုမၸဏီ Ecovacs ျဖစ္ၿပီး “ ကုမၸဏီရဲ့ လုံျခဳံေရး စနစ္ တိုက္ရိုက္က်ိဳးေပါက္တာ မဟုတ္ပါဘူး။ User ေတြရဲ့ Password ေတြကို Hacker ေတြက တျခား ေနရာကေန ရသြားတာျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။
Ref : pcworld

#DigitalTimes


Hacker တွေက ဖုန်စုပ်စက်ရုပ်တွေကို Hack ပြီး ပေါက်ကရ ပြုလုပ်ခဲ့
=======================================
စမတ်ဖုန်း ၊ တက်ဘလက်နဲ့ကွန်ပြူတာတွေဟာ Hacker တွေရဲ့ ထိန်းချုပ်မှုကို ခံရနိုင်တဲ့ ပြဿနာတွေ ရှိနေပါတယ်။ အဲဒါတွေတင်မကသေးပါဘူး။ ဖုန်စုပ်စက်ရုပ်လို အင်တာနက် ချိတ်ဆက်နိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း Hacker တွေက ထိန်းချုပ်နိုင်ကြပါတယ်။
ဒီနှစ် အစောပိုင်းမှာ အမေရိကန်မှာ Hacker တွေက ဖုန်စုပ်စက်ရုပ်တွေကို Hack ပြီး ပေါက်ကရတွေ ပြုလုပ်ခဲ့ကြပါတယ်။ Hacker တွေဟာ ဖုန်စုပ်စက်ရုပ်တွေကို ထိန်းချုပ်ပြီး အိမ်မှာ လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောတာ၊ အိမ်မှာ ရှိတဲ့ ခွေးတွေ၊ ကြောင်တွေ အနောက်ကို လိုက်ခိုင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဖုန်စုပ်စက်ရုပ် ပိုင်ရှင် တစ်ယောက်က ဖုန်စုပ်စက်ဟာ သူ့ရဲ့ ခွေး အနောက်ကို လိုက်နေခဲ့တယ်လို့ ပြောပါတယ်။
မင်နီဆိုးတားမှ ရှေ့နေ တစ်ယောက်က သူ့ရဲ့ ဖုန်စုပ်စက်ရုပ်ဟာ ဇနီးနဲ့ သားရှိတဲ့ ဧည့်ခန်းထဲ ရောက်လာပြီး အော်ဟစ်ခဲ့တယ်လို့ ပြောပါတယ်။ Hacker ဟာ ဖုန်စုပ်စက်ရုပ်မှာ ပါတဲ့ ကင်မရာ ကနေ အိမ်သားတွေကို တွေ့နိုင်ပြီး အခုလို အော်ဟစ်ခဲ့တာဖြစ်နိုင်ပါတယ်။
အဲဒီဖုန်စုပ်စက်ရုပ်တွေကို ထုတ်လုပ်ရောင်းချထားတာက တရုတ် ကုမ္ပဏီ Ecovacs ဖြစ်ပြီး “ ကုမ္ပဏီရဲ့ လုံခြုံရေး စနစ် တိုက်ရိုက်ကျိုးပေါက်တာ မဟုတ်ပါဘူး။ User တွေရဲ့ Password တွေကို Hacker တွေက တခြား နေရာကနေ ရသွားတာဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : pcworld

#DigitalTimes