


၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ တက်ရောက်လှူဒါန်း
=====================================
၁၃- ၁၀-၂၀၂၄ ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသော ၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးပိုက်ထွေးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီတာဝန်ရှိသူများက ပါတီကိုယ်စားပြု တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် ဒုတိယဝန်ကြီး(​ငြိမ်း) ဦးပိုက်ထွေး ပါဝင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသော ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးခဲ့ပါသည်။ ထို့နောက် ၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေကျပ်သိန်းနှစ်ဆယ်အား အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။