ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမွုေဆာင္ ဦးေအးလြင္ ရန္ကုန္တိုင္းေဒသႀကီးတိုင္း/ခရိုင္/ ၿမိဳ႕နယ္မ်ားရွိ မီဒီယာက႑တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ရန္ကုန္ ေအာက္တိုဘာ ၁၅
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမွုေဆာင္ ၊ ဒစ္ဂ်စ္တယ္မီဒီယာ႒ာတာဝန္ခံ ဦးေအးလြင္သည္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ မြန္းလြဲပိုင္းက ရန္ကုန္တိုင္းေဒသႀကီးသို႔ေရာက္ရွိကာ တိုင္းပါတီအတြင္းေရးမွူးဦးေအာင္ေက်ာ္မင္းႏွင့္ တိုင္းပါတီမီဒီယာတာဝန္ခံေဒၚအိအိလွိုင္တို႔လိုက္ပါလၽွက္ တိုင္းပါတီ႐ုံးအစည္းအေဝးခန္းမတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ ခရိုင္/ၿမိဳ႕နယ္အသီးသီး၏ ပါတီ၏မီဒီယာက႑တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ေရွးဦးစြာ ဗဟိုအလုပ္အမွုေဆာင္ဦးေအးလြင္မွ လာေရာက္ေတြ႕ဆုံရျခင္း၏ရည္ရြယ္ခ်က္ ၊ ပါတီဌာနခ်ဳပ္မွ မီဒီယာက႑ႏွင့္ပက္သက္၍ ေဆာင္ရြက္ေနမွုအေျခအေနမ်ား ၊ မီဒီယာစြမ္းရည္ျမႇင့္တင္ေရးႏွင့္ ဖြင့္လွစ္ၿပီးစီးပို႔ခ်ခဲ့ေသာ သင္တန္းအေျခအေနမ်ား ၊ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီး၏ ဒစ္ဂ်စ္တယ္ မီဒီယာက႑ေဆာင္ရြက္ေနမွုအေျခအေနမ်ား ၊ ျပည္ပအလိုက် သတင္းတု/သတင္းမွားမ်ားကို ရည္ရြယ္ခ်က္ရွိစြာျဖင့္ ျဖန္႔ေဝ၍ ဝါဒမွိုင္းတိုက္ေနေသာ ျပည္ဖ်က္မီဒီယာမ်ား၏အေျခအေနမ်ား အရက္းအျမစ္မ်ား ၊ မီဒီယာ၏အက်ိဳးသက္ေရာက္မွု ၊ ပါတီႏွင့္မီဒီယာ ၊မီဒီယာႏွင့္လူငယ္ ၊ ေရြးေကာက္ပြဲႏွင့္ မီဒီယာက႑ ၊ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ား၏ ကန္႔သတ္ပိတ္ပင္၍ ဘက္လိုက္ေဆာင္ရြက္ေနမွုအေျခအေနမ်ား ၊ ျမန္မာနိုင္ငံႏွင့္ မီဒီယာမ်ား ၊ သတင္းရယူျခင္း စသည့္ေခါင္းစဥ္မ်ားအား အေသးစိတ္ ခ်ျပရွင္းလင္း ေဆြးေႏြးခဲ့ၿပီး ရွင္းလင္းခ်က္မ်ားအေပၚ တက္ေရာက္လာၾကေသာ ပါတီတာဝန္ရွိမ်ားမွ ျပန္လည္ေမးျမန္းျခင္း ၊ ေဆြးေႏြးတင္ျပျခင္း ၊ ေျမျပင္အေျခအေနမ်ားအား တင္ျပျခင္းတို႔ကို ေဆာင္ရြက္ခဲ့ၿပီး ၊ တင္ျပေဆြးေႏြးခ်က္မ်ားအေပၚ ဗဟိုအလုပ္အမွုေဆာင္မွ မွတ္တမ္းတင္ျခင္း ၊ ေပါင္းစပ္ညႇိုႏွိုင္းျခင္း ၊ လုပ္ငန္းလမ္းညြန္ျခင္းတို႔ကိုေဆာင္ရြက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင် ရန်ကုန်တိုင်းဒေသကြီးတိုင်း/ခရိုင်/ မြို့နယ်များရှိ မီဒီယာကဏ္ဍတာဝန်ရှိသူများနှင့်တွေ့ဆုံ
==========================
ရန်ကုန် အောက်တိုဘာ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၊ ဒစ်ဂျစ်တယ်မီဒီယာဋ္ဌာတာဝန်ခံ ဦးအေးလွင်သည် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိကာ တိုင်းပါတီအတွင်းရေးမှူးဦးအောင်ကျော်မင်းနှင့် တိုင်းပါတီမီဒီယာတာဝန်ခံဒေါ်အိအိလှိုင်တို့လိုက်ပါလျှက် တိုင်းပါတီရုံးအစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ ခရိုင်/မြို့နယ်အသီးသီး၏ ပါတီ၏မီဒီယာကဏ္ဍတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်ဦးအေးလွင်မှ လာရောက်တွေ့ဆုံရခြင်း၏ရည်ရွယ်ချက် ၊ ပါတီဌာနချုပ်မှ မီဒီယာကဏ္ဍနှင့်ပက်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ ၊ မီဒီယာစွမ်းရည်မြှင့်တင်ရေးနှင့် ဖွင့်လှစ်ပြီးစီးပို့ချခဲ့သော သင်တန်းအခြေအနေများ ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၏ ဒစ်ဂျစ်တယ် မီဒီယာကဏ္ဍဆောင်ရွက်နေမှုအခြေအနေများ ၊ ပြည်ပအလိုကျ သတင်းတု/သတင်းမှားများကို ရည်ရွယ်ချက်ရှိစွာဖြင့် ဖြန့်ဝေ၍ ဝါဒမှိုင်းတိုက်နေသော ပြည်ဖျက်မီဒီယာများ၏အခြေအနေများ အရက်းအမြစ်များ ၊ မီဒီယာ၏အကျိုးသက်ရောက်မှု ၊ ပါတီနှင့်မီဒီယာ ၊မီဒီယာနှင့်လူငယ် ၊ ရွေးကောက်ပွဲနှင့် မီဒီယာကဏ္ဍ ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ကန့်သတ်ပိတ်ပင်၍ ဘက်လိုက်ဆောင်ရွက်နေမှုအခြေအနေများ ၊ မြန်မာနိုင်ငံနှင့် မီဒီယာများ ၊ သတင်းရယူခြင်း စသည့်ခေါင်းစဥ်များအား အသေးစိတ် ချပြရှင်းလင်း ဆွေးနွေးခဲ့ပြီး ရှင်းလင်းချက်များအပေါ် တက်ရောက်လာကြသော ပါတီတာဝန်ရှိများမှ ပြန်လည်မေးမြန်းခြင်း ၊ ဆွေးနွေးတင်ပြခြင်း ၊ မြေပြင်အခြေအနေများအား တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၊ တင်ပြဆွေးနွေးချက်များအပေါ် ဗဟိုအလုပ်အမှုဆောင်မှ မှတ်တမ်းတင်ခြင်း ၊ ပေါင်းစပ်ညှိုနှိုင်းခြင်း ၊ လုပ်ငန်းလမ်းညွန်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။