ျပည္ခိုင္ၿဖိဳးပါတီ ဒီဂ်စ္တယ္မီဒီယာဌာနတာဝန္ခံ၊ ဗဟိုအလုပ္အမွုေဆာင္ ဦးေအးလြင္ ပဲခူးတိုင္း ေဒသႀကီး(အေရွ႕)ရွိ သတင္းမီဒီယာမ်ား၊ တိုင္း/ခရိုင္/ ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး

ပဲခူး ေအာက္တိုဘာ ၁၄
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒီဂ်စ္တယ္မီဒီယာဌာနတာဝန္ခံဗဟိုအလုပ္အမွုေဆာင္ဦးေအးလြင္သည္ ေအာက္တိုဘာလ (၁၄) ရက္ေန႔ နံနက္ပိုင္း ပဲခူးၿမိဳ႕သို႔ေရာက္ရွိကာ တိုင္းေဒသႀကီးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ သတင္းမီဒီယာတာဝန္ခံ ေဒါက္တာထူးျခားေအာင္တို႔လိုက္ပါလၽွက္ ပဲခူးတိုင္းေဒသႀကီးအတြင္း၌ သတင္းမီဒီယာလုပ္ငန္းမ်ားအား လုပ္ကိုင္လၽွက္ရွိေသာ အယ္ဒီတာခ်ဳပ္မ်ား၊အယ္ဒီတာမ်ား ၊ သတင္းေထာက္မ်ားႏွင့္ေတြ႕ဆုံ၍ သတင္းလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ား ၊ သတင္းရယူပိုင္ခြင့္ဆိုင္ရာကိစၥရပ္မ်ား ၊ သတင္းတု/ သတင္းမွားမ်ားျဖင့္ အမ်ားျပည္သူအား ဝါဒမွိုင္းတိုက္ျဖန္႔ခ်ီေနၾကေသာ ျပည္ပမီဒီယာမ်ား၏အေျခအေနမ်ားအား ခ်ျပေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကေသာ သတင္းမီဒီယာမ်ားမွ လက္ရွိရင္ဆိုင္ၾကဳံေတြ႕ေနရေသာ အခက္အခဲမ်ား ၊ သတင္းမွန္မ်ား အမ်ားျပည္သူအၾကား ပ်ံ႕ႏွံ့ေစရန္ လုပ္ေဆာင္ေနမွုမ်ား ၊ Online/ သတင္းစာ/ ဂ်ာနယ္မ်ား၏ ရပ္တည္ရင္ဆိုင္ေနရမွု အေျခအေနမ်ား ၊ သတင္းသမားလုံျခဳံေရးဆိုင္ရာကိစၥရပ္မ်ားအား တင္ျပေဆြးေႏြးခဲ့ၾကၿပီး တင္ျပခ်က္မ်ားအေပၚ ဗဟိုအလုပ္အမွုေဆာင္မွမွတ္တမ္းတင္ျခင္း ၊ ညႇိႏွိုင္းေဆြးေႏြးျခင္းတို႔ကို ေဆာင္ရြက္ခဲ့ၿပီး စုေပါင္းအမွတ္တရဓာတ္ပုံရိုက္ကူးခဲ့သည္။
ဆက္လက္ၿပီးနံနက္ (၁၀)နာရီတြင္ ပဲခူးတိုင္းေဒသႀကီးပါတီ႐ုံးအစည္းအေဝးခန္းမတြင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ရွိ တိုင္း/ခရိုင္/ၿမိဳ႕နယ္ပါတီဥကၠ႒မ်ား ၊ ခရိုင္/ၿမိဳ႕နယ္မ်ား၏ သတင္းမီဒီယာတာဝန္ခံမ်ား ၊ သတင္းမီဒီယာစိတ္ပါဝင္စားသူ ပါတီဝင္လူငယ္မ်ားႏွင့္ေတြ႕ဆုံ၍ ပါတီမွေဆာင္ရြက္ေနေသာ မီဒီယာလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ား ၊ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းမ်ား၏ အရင္းအျမစ္ ၊ ျပည္တြင္း/ျပည္ပမီဒီယာမ်ား၏ ဝါဒမွိုင္းတိုက္၍ ျပည္သူအမ်ားအား သတင္းတု/သတင္းမွားမ်ားအား ရည္ရြယ္ခ်က္ရွိစြာအုပ္စုဖြဲ႕၍ ျဖန္႔ေဝေနမွုအေျခအေနမ်ား ၊ ပါတီႏွင့္မီဒီယာ ၊ လူငယ္ႏွင့္မီဒီယာ ၊ ေရြးေကာက္ပြဲႏွင့္ မီဒီယာ စသည့္ေခါင္းစဥ္မ်ားျဖင့္ ခ်ျပရွင္းလင္း ေဆြးေႏြးခဲ့ကာပါဝါပြိဳင့္ျဖင့္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ တိုင္းေဒသႀကီးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ သတင္းမီဒီယာတာဝန္ခံ ေဒါက္တာထူးျခားေအာင္တို႔မွ ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ပါတီ၏ သတင္းမီဒီယာလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ားအား လုပ္ေဆာင္ထားရွိမွု ေျမျပင္အေျခမွန္မ်ားအား ျပန္လည္တင္ျပခဲ့ၾကၿပီး တက္ေရာက္လာၾကေသာ ခရိုင္/ၿမိဳ႕နယ္အသီးသီး ပါတီတာဝန္ရွိသူမ်ားက သက္ဆိုင္နယ္ေျမအလိုက္ ေျမျပင္အေျခအေနမ်ားအားလည္းေကာင္း၊လူငယ္မ်ားမွလည္းမိမိတို႔၏ ထင္ျမင္ယူဆ အႀကံျပဳခ်က္မ်ားအားလည္းေကာင္းတင္ျပခဲ့ၾကၿပီး တင္ျပခ်က္မ်ားအေပၚ ပါတီ၏ဗဟိုအလုပ္အမွုေဆာင္ ဦးေအးလြင္မွ ေပါင္းစပ္ ညႇိုႏွိုင္း ရွင္းလင္း ေျပာၾကားခဲ့ပါသည္။
၎ေနာက္ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ပါတီ၏ သတင္းမီဒီယာက႑တြင္ ကိုယ္က်ိဳးစြန္႔ေဆာင္ရြက္ခဲ့ၾကသူမ်ား ၊ ၎တို႔၏မိသားစုဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေထာက္ပံ့ေငြမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ ေၾကာင္းသိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဒီဂျစ်တယ်မီဒီယာဌာနတာဝန်ခံ၊ ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင် ပဲခူးတိုင်း ဒေသကြီး(အရှေ့)ရှိ သတင်းမီဒီယာများ၊ တိုင်း/ခရိုင်/ မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
==========================
ပဲခူး အောက်တိုဘာ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒီဂျစ်တယ်မီဒီယာဌာနတာဝန်ခံဗဟိုအလုပ်အမှုဆောင်ဦးအေးလွင်သည် အောက်တိုဘာလ (၁၄) ရက်နေ့ နံနက်ပိုင်း ပဲခူးမြို့သို့ရောက်ရှိကာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင် သတင်းမီဒီယာတာဝန်ခံ ဒေါက်တာထူးခြားအောင်တို့လိုက်ပါလျှက် ပဲခူးတိုင်းဒေသကြီးအတွင်း၌ သတင်းမီဒီယာလုပ်ငန်းများအား လုပ်ကိုင်လျှက်ရှိသော အယ်ဒီတာချုပ်များ၊အယ်ဒီတာများ ၊ သတင်းထောက်များနှင့်တွေ့ဆုံ၍ သတင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ၊ သတင်းရယူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ၊ သတင်းတု/ သတင်းမှားများဖြင့် အများပြည်သူအား ဝါဒမှိုင်းတိုက်ဖြန့်ချီနေကြသော ပြည်ပမီဒီယာများ၏အခြေအနေများအား ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော သတင်းမီဒီယာများမှ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ ၊ သတင်းမှန်များ အများပြည်သူအကြား ပျံ့နှံ့စေရန် လုပ်ဆောင်နေမှုများ ၊ Online/ သတင်းစာ/ ဂျာနယ်များ၏ ရပ်တည်ရင်ဆိုင်နေရမှု အခြေအနေများ ၊ သတင်းသမားလုံခြုံရေးဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ဗဟိုအလုပ်အမှုဆောင်မှမှတ်တမ်းတင်ခြင်း ၊ ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်ပြီးနံနက် (၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ ၊ ခရိုင်/မြို့နယ်များ၏ သတင်းမီဒီယာတာဝန်ခံများ ၊ သတင်းမီဒီယာစိတ်ပါဝင်စားသူ ပါတီဝင်လူငယ်များနှင့်တွေ့ဆုံ၍ ပါတီမှဆောင်ရွက်နေသော မီဒီယာလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ အရင်းအမြစ် ၊ ပြည်တွင်း/ပြည်ပမီဒီယာများ၏ ဝါဒမှိုင်းတိုက်၍ ပြည်သူအများအား သတင်းတု/သတင်းမှားများအား ရည်ရွယ်ချက်ရှိစွာအုပ်စုဖွဲ့၍ ဖြန့်ဝေနေမှုအခြေအနေများ ၊ ပါတီနှင့်မီဒီယာ ၊ လူငယ်နှင့်မီဒီယာ ၊ ရွေးကောက်ပွဲနှင့် မီဒီယာ စသည့်ခေါင်းစဥ်များဖြင့် ချပြရှင်းလင်း ဆွေးနွေးခဲ့ကာပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင် သတင်းမီဒီယာတာဝန်ခံ ဒေါက်တာထူးခြားအောင်တို့မှ ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီ၏ သတင်းမီဒီယာလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လုပ်ဆောင်ထားရှိမှု မြေပြင်အခြေမှန်များအား ပြန်လည်တင်ပြခဲ့ကြပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ်အသီးသီး ပါတီတာဝန်ရှိသူများက သက်ဆိုင်နယ်မြေအလိုက် မြေပြင်အခြေအနေများအားလည်းကောင်း၊လူငယ်များမှလည်းမိမိတို့၏ ထင်မြင်ယူဆ အကြံပြုချက်များအားလည်းကောင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင်မှ ပေါင်းစပ် ညှိုနှိုင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
၎င်းနောက်ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီ၏ သတင်းမီဒီယာကဏ္ဍတွင် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့ကြသူများ ၊ ၎င်းတို့၏မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရှိရပါသည်။