ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္ မိသားစုမ်ား သီတင္းကၽြတ္လျပည့္ေန႔ ဆီမီးပူေဇာ္ပြဲႏွင့္ မီးထြန္းပြဲေတာ္က်င္းပျပဳလုပ္

​ေအာက္တိုဘာ ၁၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးပါတီဌာနခ်ဳပ္ သီတင္းကၽြတ္လျပည့္ေန႔ ဆီမီးပူေဇာ္ပြဲႏွင့္ မီးထြန္းပြဲေတာ္ကို ၁၇-၁၀-၂၀၂၄ ရက္ေန႔ ညေန ၅ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္အတြင္းရွိ ေရႊေစတီ ေငြေစတီဘုရားကုန္း၌ ပရိတ္ပဌာန္းမ်ားရြတ္ဖတ္ပူေဇာ္ျခင္း၊ ဆီမီးထြန္းညႇိျခင္း၊ စတုဒိသာေကၽြးေမြးျခင္း၊ ဘုရားမဲမ်ားေဖာက္ေပးျခင္း၊ မီးပုံးပ်ံမ်ားလႊတ္တင္ျခင္းမ်ားအား အစီအစဥ္မ်ားအတိုင္း က်င္းပျပဳလုပ္ခဲ့ပါသည္။
ပထမဦးစြာ ပရိတ္ပဌာန္းမ်ားရြတ္ဖတ္ပူေဇာ္ျခင္းကို ပါတီဗဟိုအတြင္းေရးမွူး အမ်ိဳးသမီးေရးရာေကာ္မတီတာဝန္ခံ ေဒါက္တာေဒၚစန္းစန္းႏြယ္ ဦးေဆာင္ေသာ ဝတ္ရြတ္အဖြဲ႕မွ ရြတ္ဖတ္ပူေဇာ္ခဲ့ၾကပါသည္။ ထို႔ေနာက္ ဌာနမွူးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ေရႊဧည့္သည္မိသားစုမ်ားမွ ဆီမီးမ်ားထြန္းညႇိပူေဇာ္ၿပီး ဘုရားမဲေဖာက္ျခင္းႏွင့္ စတုဒိသာေကၽြးေမြးျခင္းတို႔အား တစ္ခ်ိန္တည္းေဆာင္ရြက္ခဲ့ၿပီး မီးရွူးမီးပန္းမ်ားႏွင့္ မီးပုံးပ်ံမ်ားအား မိသားစုမ်ားစုေပါင္း၍ လႊတ္တင္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီဌာနချုပ် မိသားစုများ သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့် မီးထွန်းပွဲတော်ကျင်းပပြုလုပ်
===========================
​အောက်တိုဘာ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဌာနချုပ် သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့် မီးထွန်းပွဲတော်ကို ၁၇-၁၀-၂၀၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပါတီဌာနချုပ်အတွင်းရှိ ရွှေစေတီ ငွေစေတီဘုရားကုန်း၌ ပရိတ်ပဌာန်းများရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီးထွန်းညှိခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဘုရားမဲများဖောက်ပေးခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်းများအား အစီအစဥ်များအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ပရိတ်ပဌာန်းများရွတ်ဖတ်ပူဇော်ခြင်းကို ပါတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာကော်မတီတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ် ဦးဆောင်သော ဝတ်ရွတ်အဖွဲ့မှ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ထို့နောက် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရွှေဧည့်သည်မိသားစုများမှ ဆီမီးများထွန်းညှိပူဇော်ပြီး ဘုရားမဲဖောက်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့အား တစ်ချိန်တည်းဆောင်ရွက်ခဲ့ပြီး မီးရှူးမီးပန်းများနှင့် မီးပုံးပျံများအား မိသားစုများစုပေါင်း၍ လွှတ်တင်ခဲ့ကြောင်း သတင်းရရှိပါသည်။