အင္ဒိုသမၼတသစ္ ပရာဘိုဝို ရာထူးတာဝန္ စတင္ထမ္းေဆာင္

ပရာဘိုဝို ဆူဘီယန္တိုသည္ ေအာက္တိုဘာ ၂၀ ရက္တြင္ အင္ဒိုနီးရွားနိုင္ငံ၏ အ႒မေျမာက္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီး အဆိုပါအခမ္းအနားသို႔ ဂုဏ္သေရရွိ နိုင္ငံျခားဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ကာ အြန္လိုင္းႏွင့္ ႐ုပ္သံေပၚတြင္ သန္းႏွင့္ခ်ီေသာ အင္ဒိုနီးရွားျပည္သူမ်ားကေစာင့္ၾကည့္ခဲ့ၾကသည္။
ကာကြယ္ေရးဝန္ႀကီးေဟာင္းမွ သမၼတျဖစ္လာသူ၏ က်မ္းသစၥာက်ိန္ဆိုပြဲသည္ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ခဲ့ၿပီး အာဏာလႊဲေျပာင္းမွုသည္ အေရွ႕ေတာင္အာရွ၏ စီးပြားေရးအင္အားအႀကီးဆုံးနိုင္ငံအတြက္ ေနာက္ထပ္ နိုင္ငံေရးတည္ၿငိမ္ေသာကာလတစ္ခုကို ေဆာင္က်ဥ္းေပးရန္ႏွင့္ ကမၻာ့စင္ျမင့္တြင္ ကၽြန္းစုနိုင္ငံ၏ ရပ္တည္မွုကို ဆက္လက္ျမႇင့္တင္နိုင္ေစရန္ ေမၽွာ္လင့္ရသည္။
ဂ်ကာတာၿမိဳ႕တစ္ဝန္းရွိ ပိုစတာမ်ားႏွင့္ စာတမ္းမ်ားတြင္ မစၥတာ ပရာဘိုဝိုႏွင့္ ဂ်ိဳကိုဝီဟု အမ်ားသိၾကသည့္ သမၼတေဟာင္း ဂ်ိဳကိုဝီဒိုဒိုကို ေထာက္ခံေသာ စာသားမ်ား ပါဝင္ၿပီး “ေက်းဇူးတင္ပါတယ္ ဂ်ိဳကိုဝီ၊ အားလုံးပဲ အေကာင္းဆုံးပါ ပရာဘိုဝို ဂီဘရန္း” ဟူ၍ ျဖစ္သည္။
ဂီဘရန္းဆိုသည္မွာ မစၥတာ ဝီဒိုဒို၏ သား အသက္ ၃၇ ႏွစ္အရြယ္ ဂီဘရန္း ရာကာဘမ္မင္း ရာကာကို ရည္ညႊန္းျခင္းျဖစ္ၿပီး ဆိုလိုၿမိဳ႕ေတာ္ဝန္ေဟာင္းျဖစ္ေသာ သူသည္ ေဖေဖာ္ဝါရီ ၁၄ ရက္က ေရြးေကာက္ပြဲတြင္ မစၥတာ ပရာဘိုဝိုႏွင့္အတူ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ယခုအခမ္းအနားတြင္ ဒုတိယသမၼတအျဖစ္ က်မ္းက်ိန္ဆိုခဲ့သည္။
အင္ဒိုနီးရွားသမၼတနိုင္ငံ၏ သမၼတအျဖစ္ မိမိ၏ တာဝန္ဝတၱရားမ်ားကို တတ္စြမ္းသမၽွ အေကာင္းဆုံးႏွင့္ တရားအမၽွတဆုံး ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္းႏွင့္ သမၼတနိုင္ငံ၏ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားကို ကိုင္စြဲသြားမည္ျဖစ္ေၾကာင္းကိုထာဝရ ဘုရားသခက္ ကို တိုင္တည္၍ သစၥာဆိုပါသည္ဟု သူက ေျပာဆိုခဲ့သည္။


အင်ဒိုသမ္မတသစ် ပရာဘိုဝို ရာထူးတာဝန် စတင်ထမ်းဆောင်
================
ပရာဘိုဝို ဆူဘီယန်တိုသည် အောက်တိုဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဂုဏ်သရေရှိ နိုင်ငံခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကာ အွန်လိုင်းနှင့် ရုပ်သံပေါ်တွင် သန်းနှင့်ချီသော အင်ဒိုနီးရှားပြည်သူများကစောင့်ကြည့်ခဲ့ကြသည်။
ကာကွယ်ရေးဝန်ကြီးဟောင်းမှ သမ္မတဖြစ်လာသူ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသည် ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး အာဏာလွှဲပြောင်းမှုသည် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအတွက် နောက်ထပ် နိုင်ငံရေးတည်ငြိမ်သောကာလတစ်ခုကို ဆောင်ကျဉ်းပေးရန်နှင့် ကမ္ဘာ့စင်မြင့်တွင် ကျွန်းစုနိုင်ငံ၏ ရပ်တည်မှုကို ဆက်လက်မြှင့်တင်နိုင်စေရန် မျှော်လင့်ရသည်။
ဂျကာတာမြို့တစ်ဝန်းရှိ ပိုစတာများနှင့် စာတမ်းများတွင် မစ္စတာ ပရာဘိုဝိုနှင့် ဂျိုကိုဝီဟု အများသိကြသည့် သမ္မတဟောင်း ဂျိုကိုဝီဒိုဒိုကို ထောက်ခံသော စာသားများ ပါဝင်ပြီး “ကျေးဇူးတင်ပါတယ် ဂျိုကိုဝီ၊ အားလုံးပဲ အကောင်းဆုံးပါ ပရာဘိုဝို ဂီဘရန်း” ဟူ၍ ဖြစ်သည်။
ဂီဘရန်းဆိုသည်မှာ မစ္စတာ ဝီဒိုဒို၏ သား အသက် ၃၇ နှစ်အရွယ် ဂီဘရန်း ရာကာဘမ်မင်း ရာကာကို ရည်ညွှန်းခြင်းဖြစ်ပြီး ဆိုလိုမြို့တော်ဝန်ဟောင်းဖြစ်သော သူသည် ဖေဖော်ဝါရီ ၁၄ ရက်က ရွေးကောက်ပွဲတွင် မစ္စတာ ပရာဘိုဝိုနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုအခမ်းအနားတွင် ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ဆိုခဲ့သည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ သမ္မတအဖြစ် မိမိ၏ တာဝန်ဝတ္တရားများကို တတ်စွမ်းသမျှ အကောင်းဆုံးနှင့် တရားအမျှတဆုံး ထမ်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် သမ္မတနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ကိုင်စွဲသွားမည်ဖြစ်ကြောင်းကိုထာဝရ ဘုရားသခက် ကို တိုင်တည်၍ သစ္စာဆိုပါသည်ဟု သူက ပြောဆိုခဲ့သည်။