ဗဟိုအလုပ္အမွုေဆာင္ လူငယ္တာဝန္ခံမ်ား ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လူငယ္ေရးရာက႑တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး

ရန္ကုန္ ေအာက္တိုဘာ ၁၉
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ လူငယ္ေရးရာက႑တာဝန္ခံ ဗဟိုအလုပ္အမွုေဆာင္ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ေအာက္ျမန္မာျပည္လူငယ္ေရးရာတာဝန္ခံေဒၚသီဂႌဝင္းေရႊတို႔သည္ ရန္ကုန္တိုင္းေဒသႀကီးလူငယ္ေရးရာတာဝန္ခံေဒါက္တာထြန္းထြန္းဝင္းႏွင့္ပါတီတာဝန္ရွိသူမ်ားလိုက္ပါလၽွက္ ေအာက္တိုဘာလ (၁၉)ရက္ေန႔ မြန္းလြဲပိုင္းက ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံခရိုင္ပါတီ႐ုံး အစည္းအေဝးခန္းမတြင္ တိုင္းေဒသႀကီးအတြင္းရွိ လူငယ္ေရးရာက႑တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့သည္ ။
အစီစဥ္မ်ားအရ ေရွးဦးစြာတက္ေရာက္လာၾကသူမ်ားမွ အသီးသီး အျပန္အလွန္ မိတ္ဆက္စကားမ်ားေျပာၾကားခဲ့ၿပီး ၊ လူငယ္ေရးရာတာဝန္ခံေဒါက္တာေအာင္ျမတ္ဦးမွ တိုင္းျပည္၏ပကတိအေျခအေနမ်ား ၊ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႀကိဳးပမ္းေဆာင္ရြက္ေနမွု ၊ နိုင္ငံ၏အေရးအရာကိစၥရပ္မ်ားတြင္ လူငယ္မ်ား၏ အေရးပါမွု ၊ ပါတီ၏ လူငယ္ေရးရာအခန္းက႑မ်ားအား တိုးျမႇင့္ေဆာင္ရြက္ေနမွုမ်ား ေရတို/ေရရွည္ စီမံခ်က္မ်ား စီမံကိန္းမ်ား ၊ ပါတီ၏အနာဂတ္ႏွင့္ မ်ိဳးဆက္သစ္လူငယ္မ်ား၏အေရးပါမွု ၊ လူငယ္မ်ား၏အနာဂတ္ႏွင့္ တိုင္းက်ိဳးျပည္ျပဳကိစၥရပ္မ်ားအား အေသးစိတ္ခ်ျပရွင္းလင္းခဲ့ၿပီး ၊ ေအာက္ျမန္မာျပည္ လူငယ္ေရးရာတာဝန္ခံေဒၚသီဂႌဝင္းေရႊမွ လူငယ္ေရးရာက႑ေဆာင္ရြက္ေနမွု ၊ ေဆာင္ရြက္ခဲ့မွုမ်ား ၊ေရွ႕ဆက္ေဆာင္ရြက္မည့္ လုပ္ငန္းမ်ား ၊ နယ္ေၿမ ေဒသအလိုက္ေရွ႕လုပ္ငန္းစဥ္မ်ားခ်မွတ္ထားရန္ စသည္တို႔အႀကံျပဳရွင္းလင္း ေျပာၾကားခဲ့သည္။ ရွင္းလင္းေျပာၾကားခ်က္မ်ားအေပၚတက္ေရာက္လာၾကေသာ ခရိုင္/ၿမိဳ႕နယ္ လူငယ္ေရးရာက႑အလိုက္ ျပန္လည္ေမးျမန္းျခင္း ၊ ေဆြးေႏြး အႀကံျပဳတင္ျပျခင္းတို႔ကို ေဆာင္ရႊက္ခဲ့ၿပီး မိမိတို႔၏ သက္ဆိုင္ရာနယ္ေျမအလိုက္ ပါတီ၏လူငယ္ေရးရာက႑ ျမင့္တက္လာေရးအတြက္ အုပ္စုခြဲေဆြးေႏြး၍ အႀကံျပဳ သုံးသပ္ခ်က္မ်ားအားတင္ျပခဲ့ၾကသည္ ။ တင္ၿပ ေဆြးေႏြးခ်က္မ်ား အႀကံျပဳသုံးသပ္ခ်က္မ်ားအေပၚပါတီ၏ တာဝန္ရွိသူမ်ားမွ မွတ္တမ္းတင္ျခင္း ၊ ျပန္လည္ေပါင္းစပ္ညႇိႏွိုင္းသုံးသပ္တင္ျပျခင္းတို႔ကိုေဆာင္ရြက္ခဲ့သည္။
အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း/ ခရိုင္/ၿမိဳ႕နယ္မ်ားမွ လူငယ္ေရးရာတာဝန္ရွိသူမ်ား ၊ ပဲခူးတိုင္းေဒသႀကီး(အေနာက္)လူငယ္ေရးရာတိုင္းတာဝန္ခံႏွင့္ ဧရာဝတီတိုင္းေဒသႀကီးလူငယ္ေရးရာတာဝန္ခံတို႔ တက္ေရာက္ခဲ့ၾကၿပီး အျမင္မ်ား ဖလွယ္ေဆြးေႏြးခဲ့ၿပီး ေတြ႕ဆုံပြဲအား ေအာင္ျမင္စြာ႐ုပ္သိမ္းခဲ့သည္။


ဗဟိုအလုပ်အမှုဆောင် လူငယ်တာဝန်ခံများရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကဏ္ဍတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး
===========================
ရန်ကုန် အောက်တိုဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မြတ်ဦးနှင့် အောက်မြန်မာပြည်လူငယ်ရေးရာတာဝန်ခံဒေါ်သီင်္ဂီဝင်းရွှေတို့သည် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံဒေါက်တာထွန်းထွန်းဝင်းနှင့်ပါတီတာဝန်ရှိသူများလိုက်ပါလျှက် အောက်တိုဘာလ (၁၉)ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကဏ္ဍတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည် ။
အစီစဥ်များအရ ရှေးဦးစွာတက်ရောက်လာကြသူများမှ အသီးသီး အပြန်အလှန် မိတ်ဆက်စကားများပြောကြားခဲ့ပြီး ၊ လူငယ်ရေးရာတာဝန်ခံဒေါက်တာအောင်မြတ်ဦးမှ တိုင်းပြည်၏ပကတိအခြေအနေများ ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်ကြိုးပမ်းဆောင်ရွက်နေမှု ၊ နိုင်ငံ၏အရေးအရာကိစ္စရပ်များတွင် လူငယ်များ၏ အရေးပါမှု ၊ ပါတီ၏ လူငယ်ရေးရာအခန်းကဏ္ဍများအား တိုးမြှင့်ဆောင်ရွက်နေမှုများ ရေတို/ရေရှည် စီမံချက်များ စီမံကိန်းများ ၊ ပါတီ၏အနာဂတ်နှင့် မျိုးဆက်သစ်လူငယ်များ၏အရေးပါမှု ၊ လူငယ်များ၏အနာဂတ်နှင့် တိုင်းကျိုးပြည်ပြုကိစ္စရပ်များအား အသေးစိတ်ချပြရှင်းလင်းခဲ့ပြီး ၊ အောက်မြန်မာပြည် လူငယ်ရေးရာတာဝန်ခံဒေါ်သီင်္ဂီဝင်းရွှေမှ လူငယ်ရေးရာကဏ္ဍဆောင်ရွက်နေမှု ၊ ဆောင်ရွက်ခဲ့မှုများ ၊ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ၊ နယ်မြေ ဒေသအလိုက်ရှေ့လုပ်ငန်းစဥ်များချမှတ်ထားရန် စသည်တို့အကြံပြုရှင်းလင်း ပြောကြားခဲ့သည်။ ရှင်းလင်းပြောကြားချက်များအပေါ်တက်ရောက်လာကြသော ခရိုင်/မြို့နယ် လူငယ်ရေးရာကဏ္ဍအလိုက် ပြန်လည်မေးမြန်းခြင်း ၊ ဆွေးနွေး အကြံပြုတင်ပြခြင်းတို့ကို ဆောင်ရွှက်ခဲ့ပြီး မိမိတို့၏ သက်ဆိုင်ရာနယ်မြေအလိုက် ပါတီ၏လူငယ်ရေးရာကဏ္ဍ မြင့်တက်လာရေးအတွက် အုပ်စုခွဲဆွေးနွေး၍ အကြံပြု သုံးသပ်ချက်များအားတင်ပြခဲ့ကြသည် ။ တင်ပြ ဆွေးနွေးချက်များ အကြံပြုသုံးသပ်ချက်များအပေါ်ပါတီ၏ တာဝန်ရှိသူများမှ မှတ်တမ်းတင်ခြင်း ၊ ပြန်လည်ပေါင်းစပ်ညှိနှိုင်းသုံးသပ်တင်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ ခရိုင်/မြို့နယ်များမှ လူငယ်ရေးရာတာဝန်ရှိသူများ ၊ ပဲခူးတိုင်းဒေသကြီး(အနောက်)လူငယ်ရေးရာတိုင်းတာဝန်ခံနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံတို့ တက်ရောက်ခဲ့ကြပြီး အမြင်များ ဖလှယ်ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။