
Ref : theverge
#DigitalTimes


Meta က စာရိုက်ထည့်လိုက်တာနဲ့ Video ဖန်တီးပေးတဲ့ AI Video Generator ကို ကြေညာ
====================================================
စာရိုက်ထည့်လိုက်တာနဲ့ ဓါတ်ပုံနဲ့ Video တွေ ဖန်တီးပေးတဲ့ AI Image/Video Generator တွေဟာ ဒီနှစ်ပိုင်းအတွင်းမှာ ရေပန်းစားလာကြပါတယ်။ OpenAI နဲ့ Google တို့က အဲဒီ AI Generator တွေကို ဖန်တီးလာကြပါတယ်။
အခုတော့ Meta က စာရိုက်ထည့်လိုက်တာနဲ့ Video ဖန်တီးပေးတဲ့ AI Video Generator ကို ပြသလိုက်ပါတယ်။ Movie Gen လို့ အမည်ပေးထားပြီး စာရိုက်ထည့်လိုက်တာနဲ့ Video ဖန်တီးပေးနိုင်သလို ဓါတ်ပုံတွေကနေလည်း Video ဖန်တီးပေးနိုင်ပါတယ်။ AI က Video နဲ့ လိုက်ဖက်တဲ့ အသံကိုလည်းဖန်တီးပြီး ထည့်သွင်းပေးနိုင်ပါတယ်။ Video ကို Aspect Ratio မျိုးစုံနဲ့ ဖန်တီးနိုင်ပါတယ်။
သင့်မှာ ရှိပြီးသား Video တွေကို Edit လုပ်နိုင်ပြီး Style နဲ့ Transition တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ Meta က Movie Gen ဟာ ရှိပြီးသား Video မှာ မတူညီတဲ့ Elements တွေ ပြောင်းလဲပေးနိုင်တယ်လို့ ပြောပါတယ်။ ဥပမာ အနေနဲ့ Meta က အမျိုးသမီး တစ်ယောက်ရဲ့ ဦးခေါင်းပုံ ရုပ်သေဓါတ်ပုံကနေ ကော်ဖီသောက်နေတဲ့ ရုပ်ပုံကို ပြောင်းပြထားပါတယ်။
Ref : theverge
#DigitalTimes