ရိုးရာဖိုက္တာ သန႔္ဇင္၏ဆႏၵကိုျဖည့္ဆည္းေပးသည့္အေနျဖင့္ ဂ်ပန္ဖိုက္တာ တာကဲ႐ု ျမန္မာ့ေရေဘးအတြက္ အလွူေငြ လွူဒါန္းမည္

ၿပီးခဲ့သည့္ စက္တင္ဘာလက ONE Championship တြင္ ရိုးရာဖိုက္တာ သန႔္ဇင္ႏွင့္ ယွဥ္ၿပိဳင္ထိုးသ-တ္ခဲ့သည့္ ဂ်ပန္ဖိုက္တာ တာကဲ႐ုသည္ ျမန္မာ့ေရေဘးအတြက္ အလွူေငြ လွူဒါန္းရန္ ဆက္သြယ္လာေၾကာင္း ရိုးရာလက္ေဝွ႕ ကိုယ္စားလွယ္ ကိုၿဖိဳးေဝက ၎၏ လူမွုကြန္ရက္မွတစ္ဆင့္ အသိေပးမၽွေဝထားသည္။
သန႔္ဇင္သည္ အဆိုပါ ပြဲစဥ္အား အနိုင္ရပါက ေရေဘးအတြက္ ကူညီလွူဒါန္းမည္ဟု ေျပာၾကားထားေသာ္လည္း ယင္းပြဲစဥ္တြင္ တာကဲ႐ုအား ရွုံးနိမ့္ခဲ့သည့္အတြက္ ၎၏ အိပ္မက္ ပ်က္ျပယ္ခဲ့ရျခင္းျဖစ္သည္။
ထို႔ေၾကာင့္ တာကဲ႐ုအေနျဖင့္ သန႔္ဇင္၏ ဆႏၵကို ျဖည့္ဆည္းကူညီသည့္ အေနျဖင့္ ယခုကဲ့သို႔ လွူဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လွူဒါန္းေငြအား သက္ဆိုင္ရာ အဖြဲ႕အစည္းေကာ္မတီမ်ားႏွင့္ ခ်ိတ္ဆက္ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ကိုၿဖိဳးေဝက အသိေပးထားသည္။
စက္တင္ဘာ ၂၇ ရက္ ညပိုင္းက ျပဳလုပ္ခဲ့သည့္ ပြဲစဥ္တြင္ ကမၻာ့ကစ္ေဘာက္ဆင္ခ်န္ပီယံ တာကဲ႐ုသည္ ဒုတိယအခ်ီ၌ အလဲထိုးျဖင့္ သန႔္ဇင္အား အနိုင္ရရွိခဲ့သည္။


ရိုးရာဖိုက်တာ သန့်ဇင်၏ဆန္ဒကိုဖြည့်ဆည်းပေးသည့်အနေဖြင့် ဂျပန်ဖိုက်တာ တာကဲရု မြန်မာ့ရေဘေးအတွက် အလှူငွေ လှူဒါန်းမည်
=====================
ပြီးခဲ့သည့် စက်တင်ဘာလက ONE Championship တွင် ရိုးရာဖိုက်တာ သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် ဂျပန်ဖိုက်တာ တာကဲရုသည် မြန်မာ့ရေဘေးအတွက် အလှူငွေ လှူဒါန်းရန် ဆက်သွယ်လာကြောင်း ရိုးရာလက်ဝှေ့ ကိုယ်စားလှယ် ကိုဖြိုးဝေက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးမျှဝေထားသည်။
သန့်ဇင်သည် အဆိုပါ ပွဲစဉ်အား အနိုင်ရပါက ရေဘေးအတွက် ကူညီလှူဒါန်းမည်ဟု ပြောကြားထားသော်လည်း ယင်းပွဲစဉ်တွင် တာကဲရုအား ရှုံးနိမ့်ခဲ့သည့်အတွက် ၎င်း၏ အိပ်မက် ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် တာကဲရုအနေဖြင့် သန့်ဇင်၏ ဆန္ဒကို ဖြည့်ဆည်းကူညီသည့် အနေဖြင့် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေအား သက်ဆိုင်ရာ အဖွဲ့အစည်းကော်မတီများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကိုဖြိုးဝေက အသိပေးထားသည်။
စက်တင်ဘာ ၂၇ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် ပွဲစဉ်တွင် ကမ္ဘာ့ကစ်ဘောက်ဆင်ချန်ပီယံ တာကဲရုသည် ဒုတိယအချီ၌ အလဲထိုးဖြင့် သန့်ဇင်အား အနိုင်ရရှိခဲ့သည်။