တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လီဗာပူးဂိုးသမား အယ္လီဆန္ ၁ လခန႔္နားရမည္

လီဗာပူးအသင္းရဲ့ ဘရာဇီးဂိုးသမား အယ္လီဆန္ဟာ ပဲေလ့စ္အသင္းနဲ႔ပြဲမွာရခဲ့တဲ့ တံေကာက္ေၾကာ ဒဏ္ရာ ေၾကာင့္ နိုဝင္ဘာ လလယ္ေလာက္အထိ အနားယူရမွာျဖစ္တယ္လို႔ သိရပါတယ္။ ဘရာဇီးလက္ေရြးစင္ အယ္လီဆန္ဟာ ပဲေလ့စ္အသင္းနဲ႔ပြဲမွာ အဆိုပါဒဏ္ရာကို ရခဲ့ၿပီးေနာက္ ပြဲခ်ိန္ ၇၉ မိနစ္မွာ လူစားလဲခံလိုက္ ရတာျဖစ္ပါတယ္။
ဒဏ္ရာအေျခအေနအရ အယ္လီဆန္အေနနဲ႔ အခုတစ္ပတ္ကစားမယ့္ နိုင္ငံအသင္းပြဲစဥ္ေတြ အၿပီးမွာ ျပန္က စားနိုင္ဖို႔ မျဖစ္နိုင္ေသးဘဲ နိုဝင္ဘာ ၁၁ နဲ႔ ၁၉ ရက္ ၾကားေလာက္မွသာ လီဗာပူးအသင္းအတြက္ ျပန္ကစား နိုင္ဖြယ္ရွိေနတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ အယ္လီဆန္မပါနိုင္တဲ့ ကာလအတြင္း လီဗာပူး အသင္းဟာ ခ်ဲလ္ဆီး ၊အာဆင္နယ္၊ ဘရိုက္တန္၊ ဗီလာစတဲ့အသင္းေတြနဲ႔ ပရီးမီးယားလိဂ္ပြဲကစားဖို႔ရွိသလို လိုက္ပ္ဇစ္၊ ေလဗာကူဆင္တို႔နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြလည္း ကစားဖို႔ရွိေနတာပါ။
အဖ်ားေရာဂါေၾကာင့္ ပဲေလ့စ္နဲ႔ ပြဲကို လြဲေခ်ာ္ခဲ့ရတဲ့ ဂိုးသမား ကယ္လက္ဟာက အယ္လီဆန္ဒဏ္ရာရေနခ်ိန္ လီဗာပူးအသင္းဂိုးေပါက္ကို တာဝန္ယူဖြယ္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက အယ္လီဆန္မပါနိုင္တဲ့ပြဲေတြမွာ ကယ္လက္ဟာက ေကာင္းမြန္တဲ့ လက္စြမ္းတစ္ခ်ိဳ႕ကို ျပသထားနိုင္ခဲ့တာျဖစ္ပါတယ္။


တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးဂိုးသမား အယ်လီဆန် ၁ လခန့်နားရမည်
———————
လီဗာပူးအသင်းရဲ့ ဘရာဇီးဂိုးသမား အယ်လီဆန်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲမှာရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာ ကြောင့် နိုဝင်ဘာ လလယ်လောက်အထိ အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင် အယ်လီဆန်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲမှာ အဆိုပါဒဏ်ရာကို ရခဲ့ပြီးနောက် ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခံလိုက် ရတာဖြစ်ပါတယ်။
ဒဏ်ရာအခြေအနေအရ အယ်လီဆန်အနေနဲ့ အခုတစ်ပတ်ကစားမယ့် နိုင်ငံအသင်းပွဲစဉ်တွေ အပြီးမှာ ပြန်က စားနိုင်ဖို့ မဖြစ်နိုင်သေးဘဲ နိုဝင်ဘာ ၁၁ နဲ့ ၁၉ ရက် ကြားလောက်မှသာ လီဗာပူးအသင်းအတွက် ပြန်ကစား နိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ အယ်လီဆန်မပါနိုင်တဲ့ ကာလအတွင်း လီဗာပူး အသင်းဟာ ချဲလ်ဆီး ၊အာဆင်နယ်၊ ဘရိုက်တန်၊ ဗီလာစတဲ့အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိသလို လိုက်ပ်ဇစ်၊ လေဗာကူဆင်တို့နဲ့ ချန်ပီယံလိဂ်ပွဲတွေလည်း ကစားဖို့ရှိနေတာပါ။
အဖျားရောဂါကြောင့် ပဲလေ့စ်နဲ့ ပွဲကို လွဲချော်ခဲ့ရတဲ့ ဂိုးသမား ကယ်လက်ဟာက အယ်လီဆန်ဒဏ်ရာရနေချိန် လီဗာပူးအသင်းဂိုးပေါက်ကို တာဝန်ယူဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက အယ်လီဆန်မပါနိုင်တဲ့ပွဲတွေမှာ ကယ်လက်ဟာက ကောင်းမွန်တဲ့ လက်စွမ်းတစ်ချို့ကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။