ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ “Artificial Intelligence(AI) အေၾကာင္းသိေကာင္းစရာ” ေဆြးေႏြးပြဲသို႔တက္ေရာက္

ေအာက္တိုဘာ ၈၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္ေန႔တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမတြင္ ျပဳလုပ္သည့္ “Artifical Intelligence(AI) အေၾကာင္းသိေကာင္းစရာ” ေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေဆြးေႏြးပြဲကို နံနက္ ၀၉၄၅ အခ်ိန္တြင္စတင္ခဲ့ၿပီး ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားပါသည္။ ဆက္လက္ၿပီး ​ဖိတ္ၾကားထားေသာ ပညာရွင္ ေဒါက္တာတင္ဘုန္းေက်ာ္မွ “Artificial Intelligence(AI)” ႏွင့္ပတ္သက္ၿပီး AI ျဖစ္တည္လာပုံ၊ ေခတ္ႏွင့္အညီ တိုးတက္လ်က္ရွိသည့္ AI နည္းပညာ၊ AI ၏ အားသာခ်က္ အားနည္းခ်က္၊ AI ႏွင့္ လုံျခဳံေရးဆိုင္ရာကိစၥရပ္မ်ား၊ နိုင္ငံတကာတြင္ AI အသုံးျပဳေနမွုမ်ား၊ AI ႏွင့္ Social Media က႑မ်ားအား အက်ယ္တဝံ့ ေဆြးေႏြးခဲ့ပါသည္။
ေဆြးေႏြးမွုအၿပီးတြင္ တက္ေရာက္လာသူမ်ားက သိရွိလိုသည့္အခ်က္မ်ားအား ေမးျမန္းၾကရာ ေဒါက္တာတင္ဘုန္းေက်ာ္မွ ျပန္လည္ေျဖၾကားေပးခဲ့ပါသည္။ ထို႔ေနာက္ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းက AI နည္းပညာရပ္ပိုင္းဆိုင္ရာကိစၥရပ္မ်ားအား အက်ိဳးရွိစြာအသုံးခ်နိုင္ေရး ေဆြးေႏြးခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အေနျဖင့္ ပညာသင္ၾကားမွုအခန္းက႑ႏွင့္ AI၊ လူသားအရင္းအျမစ္ စာရင္းအခ်က္အလက္ႏွင့္ AI အသုံးဝင္မွု၊ အနာဂတ္ကာလတြင္ AI ၏ အေရးပါမွုမ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ဖိတ္ၾကားထားေသာ ပညာရွင္ ေဒါက္တာတင္ဘုန္းေက်ာ္ႏွင့္အဖြဲ႕အား အမွတ္တရလက္ေဆာင္မ်ားေပးအပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမွူး ဦးတင္ေအာင္ခ်စ္ ၊ ဗဟိုအတြင္းေရးမွူးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မွူး၊ ဌာနႀကီးမွူး၊ ဌာနမွူးမ်ားႏွင့္ ပါတီတာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားေသာ ပညာရွင္ ေဒါက္တာတင္ဘုန္းေက်ာ္ႏွင့္ အဖြဲ႕ဝင္ ၄ ဦးတို႔ တက္ေရာက္ၿပီး ညေန ၁၅၄၅ အခ်ိန္တြင္ ေဆြးေႏြးပြဲၿပီးေျမာက္ခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ “Artificial Intelligence(AI) အကြောင်းသိကောင်းစရာ” ဆွေးနွေးပွဲသို့တက်ရောက်
=============================
အောက်တိုဘာ ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပါတီဌာနချုပ် ညီလာခံခန်းမတွင် ပြုလုပ်သည့် “Artifical Intelligence(AI) အကြောင်းသိကောင်းစရာ” ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲကို နံနက် ၀၉၄၅ အချိန်တွင်စတင်ခဲ့ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး ​ဖိတ်ကြားထားသော ပညာရှင် ဒေါက်တာတင်ဘုန်းကျော်မှ “Artificial Intelligence(AI)” နှင့်ပတ်သက်ပြီး AI ဖြစ်တည်လာပုံ၊ ခေတ်နှင့်အညီ တိုးတက်လျက်ရှိသည့် AI နည်းပညာ၊ AI ၏ အားသာချက် အားနည်းချက်၊ AI နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာတွင် AI အသုံးပြုနေမှုများ၊ AI နှင့် Social Media ကဏ္ဍများအား အကျယ်တဝံ့ ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးမှုအပြီးတွင် တက်ရောက်လာသူများက သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ ဒေါက်တာတင်ဘုန်းကျော်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက AI နည်းပညာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များအား အကျိုးရှိစွာအသုံးချနိုင်ရေး ဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အနေဖြင့် ပညာသင်ကြားမှုအခန်းကဏ္ဍနှင့် AI၊ လူသားအရင်းအမြစ် စာရင်းအချက်အလက်နှင့် AI အသုံးဝင်မှု၊ အနာဂတ်ကာလတွင် AI ၏ အရေးပါမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ဖိတ်ကြားထားသော ပညာရှင် ဒေါက်တာတင်ဘုန်းကျော်နှင့်အဖွဲ့အား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးများနှင့် ပါတီတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ပညာရှင် ဒေါက်တာတင်ဘုန်းကျော်နှင့် အဖွဲ့ဝင် ၄ ဦးတို့ တက်ရောက်ပြီး ညနေ ၁၅၄၅ အချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ပါသည်။