ထိုင္းနိုင္ငံ၏ (၁၅) ဦးေျမာက္ ရဲခ်ဳပ္ေရြးခ်ယ္ခန္႔အပ္

လစ္လပ္ေနေသ ထိုင္းနိုင္ငံရဲတပ္ဖြဲ႕၏ ရဲခ်ဳပ္အသစ္ရာထူး တာဝန္ထမ္းေဆာင္မည့္ ဒုတိယ ရဲဗိုလ္ ခ်ဳပ္ႀကီးတစ္ဦးအား ယေန႔ ေအာက္တိုဘာ ၇ ရက္ ေန႔လယ္ပိုင္းက ေရြးခ်ယ္ခန္႔အပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ထိုင္းရဲခ်ဳပ္ရာထူးေရြးခ်ယ္မွုကို ဘန္ ေကာက္ၿမိဳ႕၊ ထိုင္းနိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး၊ ထိုင္းဝန္ႀကီးခ်ဳပ္ ဖယ္ေထာင္ထန္ ရွင္နာဝပ္က ဒုတိယ ရဲဗိုလ္ခ်ဳပ္ႀကီး (၃) ဦးအနက္က ဒု/ရဲဗိုလ္ခ်ဳပ္ႀကီး ကစ္လတ္ ဖန္ဖင္ကို ရဲခ်ဳပ္တာဝန္ထမ္းေဆာင္ရန္ အစည္း အေဝးတြင္ အဆိုျပဳတင္သြင္းခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ ထိုင္းဝန္ႀကီးခ်ဳပ္၏ အဆိုျပဳမွုႏွင့္ပတ္သက္၍ ကန႔္ကြက္မည့္သူမရွိသျဖင့္ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ကစ္လတ္ဖန္ဖင္ အား ထိုင္းရဲခ်ဳပ္ရာထူးခန႔္အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္က ထိုင္းရဲခ်ဳပ္(ေဟာင္း)သည္ ၿပီးခဲ့သည့္ စက္တင္ဘာ ၃၀ ရက္ေန႔က သက္ျပည့္ ပင္စင္ျဖင့္အနားယူသြား၍ လစ္လပ္ေနသည့္ထိုင္းရဲခ်ဳပ္ရာထူးအား ယေန႔ ေအာက္တိုဘာ ၇ ရက္တြင္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး၊ ေရြးခ်ယ္ခံရသည့္ ကစ္လတ္ဖန္ဖင္မွာ ထိုင္းနိုင္ငံ၏ (၁၅) ဦးေျမာက္ ရဲခ်ဳပ္ျဖစ္လာသည္။


ထိုင်းနိုင်ငံ၏ (၁၅) ဦးမြောက် ရဲချုပ်ရွေးချယ်ခန့်အပ်
=====================
လစ်လပ်နေသေ ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အသစ်ရာထူး တာဝန်ထမ်းဆောင်မည့် ဒုတိယ ရဲဗိုလ် ချုပ်ကြီးတစ်ဦးအား ယနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းရဲချုပ်ရာထူးရွေးချယ်မှုကို ဘန် ကောက်မြို့၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်က ဒုတိယ ရဲဗိုလ်ချုပ်ကြီး (၃) ဦးအနက်က ဒု/ရဲဗိုလ်ချုပ်ကြီး ကစ်လတ် ဖန်ဖင်ကို ရဲချုပ်တာဝန်ထမ်းဆောင်ရန် အစည်း အဝေးတွင် အဆိုပြုတင်သွင်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်၏ အဆိုပြုမှုနှင့်ပတ်သက်၍ ကန့်ကွက်မည့်သူမရှိသဖြင့် ဒုတိယရဲဗိုလ်ချုပ်ကြီး ကစ်လတ်ဖန်ဖင် အား ထိုင်းရဲချုပ်ရာထူးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ထိုင်းရဲချုပ်(ဟောင်း)သည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က သက်ပြည့် ပင်စင်ဖြင့်အနားယူသွား၍ လစ်လပ်နေသည့်ထိုင်းရဲချုပ်ရာထူးအား အောက်တိုဘာ ၇ ရက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ ရွေးချယ်ခံရသည့် ကစ်လတ်ဖန်ဖင်မှာ ထိုင်းနိုင်ငံ၏ (၁၅) ဦးမြောက် ရဲချုပ်ဖြစ်လာသည်။