TIME 100 NEXT ေခါင္းေဆာင္စာရင္း၌ ထိုင္းဝန္ႀကီးခ်ဳပ္သစ္ပါဝင္

Thailand’s new Prime Minister Paetongtarn Shinawatra (C), known by her nickname “Ung Ing” and daughter of former prime minister Thaksin Shinawatra, addresses the media after a special cabinet meeting at Government House in Bangkok on September 7, 2024. – Paetongtarn Shinawatra, the heiress of Thailand’s most famous political dynasty, was sworn in as prime minister on September 6, capping a month of turmoil in which her predecessor was thrown out of office and the main opposition party dissolved. (Photo by M

Time မဂၢဇင္း၏ေဖာ္ျပခ်က္အရ ထိုင္းဝန္ႀကီးခ်ဳပ္သစ္ ေပတုန္တန္ရွင္နာဝပ္ထရာသည္ ၂၀၂၄ ခုႏွစ္အတြက္ TIME100 Next ေခါင္းေဆာင္မ်ားစာရင္းတြင္ ပါဝင္ခဲ့ေၾကာင္းသိရသည္။
ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဆရီသာသာဗီဆင္ကိုဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ထုတ္ပယ္လိုက္ၿပီးေနာက္ ထိုင္းနိုင္ငံ၏ ၃၁ ေယာက္ေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ခံရေသာ မစၥေပတုန္တန္သည္ Time မဂၢဇင္းကေရြးခ်ယ္သည့္ TIME 100 NEXT ၏ နိုင္ငံ့ေခါင္းေဆာင္စာရင္း၌ပါဝင္လာသည့္ တစ္ဦးတည္းေသာထိုင္းလူမ်ိဳးလည္းျဖစ္သည္။
TIME 100 NEXT စာရင္းအား ေရြးခ်ယ္ရာ၌ အႏုပညာရွင္၊ကၽြမ္းက်င္ပညာရွင္၊တီထြင္သူ၊ေရွ႕ေနႏွင့္ ေခါင္း ေဆာင္မ်ားဟူ၍ အမ်ိဳးအစားငါးမ်ိဳးခြဲျခားထားသည္ဟုသိရသည္။
“ဒီေႏြရာသီမွာ ေပတုန္တန္က သမိုင္းဝင္အရာတစ္ခုကိုလုပ္နိုင္ခဲ့ပါတယ္။သူ႔ရဲ့ ၃၈ ႏွစ္ျပည့္ ေမြးေန႔မတိုင္ခင္ ရက္ပိုင္းအလို ၾသဂုတ္ ၁၈ ရက္မွာပဲ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္‌ေရာ အာရွရဲ့အသက္အငယ္ဆုံးအမ်ိဳးသမီးေခါင္းေဆာင္အျဖစ္ပါအတည္ျပဳခံခဲ့ရပါတယ္” ဟုလည္း အေမရိကန္အေျခစိုက္ သတင္းစာေစာင္ကေဖာ္ျပခဲ့သည္။
အသက္ ၃၈ ႏွစ္အရြယ္ရွိ မစၥ ေပတုန္တန္သည္ TIME မဂၢဇင္း၏စာရင္း၌ပါဝင္ခဲ့သည့္ ျဖဴထိုင္းပါတီမွ ပထမဆုံးပါတီဝင္အမ်ိဳးသမီးျဖစ္ၿပီး ၎၏အေဒၚ ယဥ္လတ္ကမူ ၂၀၁၁ ႏွင့္ ၂၀၁၂ ခုႏွစ္အတြက္ Forbes ၏ “ၾသဇာအရွိဆုံးအမ်ိဳးသမီးမ်ား” စာရင္းတြင္ပါဝင္ခဲ့ဖူးသူတစ္ဦးလည္းျဖစ္သည္။
ထို႔ျပင္ ေပတုန္သည္ Bangkok Post’s Women of the Year 2024 တြင္လည္း ဆုခ်ီးျမႇင့္ခံခဲ့ရသူတစ္ဦးျဖစ္သည္။


TIME 100 NEXT ခေါင်းဆောင်စာရင်း၌ ထိုင်းဝန်ကြီးချုပ်သစ်ပါဝင်
=====================
Time မဂ္ဂဇင်း၏ဖော်ပြချက်အရ ထိုင်းဝန်ကြီးချုပ်သစ် ပေတုန်တန်ရှင်နာဝပ်ထရာသည် ၂၀၂၄ ခုနှစ်အတွက် TIME100 Next ခေါင်းဆောင်များစာရင်းတွင် ပါဝင်ခဲ့ကြောင်းသိရသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း ဆရီသာသာဗီဆင်ကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထုတ်ပယ်လိုက်ပြီးနောက် ထိုင်းနိုင်ငံ၏ ၃၁ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော မစ္စပေတုန်တန်သည် Time မဂ္ဂဇင်းကရွေးချယ်သည့် TIME 100 NEXT ၏ နိုင်ငံ့ခေါင်းဆောင်စာရင်း၌ပါဝင်လာသည့် တစ်ဦးတည်းသောထိုင်းလူမျိုးလည်းဖြစ်သည်။
TIME 100 NEXT စာရင်းအား ရွေးချယ်ရာ၌ အနုပညာရှင်၊ကျွမ်းကျင်ပညာရှင်၊တီထွင်သူ၊ရှေ့နေနှင့် ခေါင်း ဆောင်များဟူ၍ အမျိုးအစားငါးမျိုးခွဲခြားထားသည်ဟုသိရသည်။
“ဒီနွေရာသီမှာ ပေတုန်တန်က သမိုင်းဝင်အရာတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်။သူ့ရဲ့ ၃၈ နှစ်ပြည့် မွေးနေ့မတိုင်ခင် ရက်ပိုင်းအလို သြဂုတ် ၁၈ ရက်မှာပဲ ထိုင်းဝန်ကြီးချုပ်အဖြစ်‌ရော အာရှရဲ့အသက်အငယ်ဆုံးအမျိုးသမီးခေါင်းဆောင်အဖြစ်ပါအတည်ပြုခံခဲ့ရပါတယ်” ဟုလည်း အမေရိကန်အခြေစိုက် သတင်းစာစောင်ကဖော်ပြခဲ့သည်။
အသက် ၃၈ နှစ်အရွယ်ရှိ မစ္စ ပေတုန်တန်သည် TIME မဂ္ဂဇင်း၏စာရင်း၌ပါဝင်ခဲ့သည့် ဖြူထိုင်းပါတီမှ ပထမဆုံးပါတီဝင်အမျိုးသမီးဖြစ်ပြီး ၎င်း၏အဒေါ် ယဉ်လတ်ကမူ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်အတွက် Forbes ၏ “သြဇာအရှိဆုံးအမျိုးသမီးများ” စာရင်းတွင်ပါဝင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။
ထို့ပြင် ပေတုန်သည် Bangkok Post’s Women of the Year 2024 တွင်လည်း ဆုချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်သည်။