Google က ထိုင္းမွာ ေဒတာ နဲ႔ Cloud စင္တာ တည္ေဆာက္ဖို႔ ေဒၚလာ ၁ ဘီလီယမ္ ရင္းႏွီးျမႇပ္ႏွံမည္

ျမန္မာ အိမ္နီးခ်င္း ထိုင္း နိုင္ငံကိုေတာ့ ကမၻာ့ ထိပ္တန္း နည္းပညာ ကုမၸဏီႀကီးေတြ ရင္းႏွီးျမႇပ္ႏွံဖို႔ ႀကိဳးစားေနၾကပါတယ္။ Microsoft က ထိုင္းမွာ ေဒတာ စင္တာ တည္ေဆာက္ဖို႔ ရင္းႏွီးျမႇပ္ႏွံမယ္လို႔ အရင္က ေျပာထားပါတယ္။
အခုေတာ့ Google ကလည္း ထိုင္းမွာ ေဒတာနဲ႔ Cloud စင္တာ တည္ေဆာက္ဖို႔ ထိုင္းမွာ ေဒၚလာ ၁ ဘီလီယမ္ ရင္းႏွီးျမႇပ္ႏွံမယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီအတြက္ ထိုင္းမွာ ၂၀၂၉ ခုႏွစ္အထိ ႏွစ္စဥ္ ပ်မ္းမၽွ အလုပ္သမား ၁၄,၀၀၀ အလုပ္ရၾကမွာ ျဖစ္ပါတယ္။
Google က အေရွ႕ေတာင္အာရွမွာ ျမင့္မားလာတဲ့ Cloud လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔နဲ႔ AI အသုံးျပဳမွု ျမင့္မားဖို႔အတြက္ ထိုင္းမွာ ရင္းႏွီးျမႇပ္ႏွံတာလို႔ ေျပာပါတယ္။ ၂၀၂၉ ခုႏွစ္ အေရာက္မွာ Google ဟာ ထိုင္းမွာ ေဒၚလာ ၄ ဘီလီယမ္အထိ ရင္းႏွီးျမႇပ္ႏွံလာနိုင္တယ္လို႔ ေျပာပါတယ္။
ထိုင္း ဝန္ႀကီးခ်ဳပ္ ေပတုန္တန္က နိုင္ငံရဲ့ Cloud First မူဝါဒနဲ႔ Google ရဲ့ ရင္းႏွီးျမႇပ္ႏွံမွုဟာ ကိုက္ညီတယ္လို႔ ေျပာပါတယ္။ သူမဟာ Alphabet နဲ႔ Google ရဲ့ ဥကၠဌနဲ႔ ရင္းႏွီးျမႇပ္ႏွံမွု အႀကီးတန္း အရာရွိ Ruth Porat နဲ႔ ေအာက္တိုဘာလ ၁ ရက္ေန႔က ေတြ႕ဆုံခဲ့ပါတယ္။
Ref : theverge
#DigitalTimes


Google က ထိုင်းမှာ ဒေတာ နဲ့ Cloud စင်တာ တည်ဆောက်ဖို့ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမည်
========================================================
မြန်မာ အိမ်နီးချင်း ထိုင်း နိုင်ငံကိုတော့ ကမ္ဘာ့ ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေ ရင်းနှီးမြှပ်နှံဖို့ ကြိုးစားနေကြပါတယ်။ Microsoft က ထိုင်းမှာ ဒေတာ စင်တာ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမယ်လို့ အရင်က ပြောထားပါတယ်။
အခုတော့ Google ကလည်း ထိုင်းမှာ ဒေတာနဲ့ Cloud စင်တာ တည်ဆောက်ဖို့ ထိုင်းမှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် ထိုင်းမှာ ၂၀၂၉ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ အလုပ်သမား ၁၄,၀၀၀ အလုပ်ရကြမှာ ဖြစ်ပါတယ်။
Google က အရှေ့တောင်အာရှမှာ မြင့်မားလာတဲ့ Cloud လိုအပ်ချက်ကို ဖြည့်ဆည်းဖို့နဲ့ AI အသုံးပြုမှု မြင့်မားဖို့အတွက် ထိုင်းမှာ ရင်းနှီးမြှပ်နှံတာလို့ ပြောပါတယ်။ ၂၀၂၉ ခုနှစ် အရောက်မှာ Google ဟာ ထိုင်းမှာ ဒေါ်လာ ၄ ဘီလီယမ်အထိ ရင်းနှီးမြှပ်နှံလာနိုင်တယ်လို့ ပြောပါတယ်။
ထိုင်း ဝန်ကြီးချုပ် ပေတုန်တန်က နိုင်ငံရဲ့ Cloud First မူဝါဒနဲ့ Google ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ကိုက်ညီတယ်လို့ ပြောပါတယ်။ သူမဟာ Alphabet နဲ့ Google ရဲ့ ဥက္ကဌနဲ့ ရင်းနှီးမြှပ်နှံမှု အကြီးတန်း အရာရှိ Ruth Porat နဲ့ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
Ref : theverge
#DigitalTimes