လယ္ေဝးၿမိဳ႕နယ္ ေအးခ်မ္းသာရြာ ေရေဘးသင့္ျပည္သူ အိမ္ေထာင္စု ၅၀၀အတြက္ ျပည္ခိုင္ၿဖိဳးပါတီမွ ေထာက္ပံ့ပစၥည္းမ်ားလွူဒါန္း

ေအာက္တိုဘာ ၃၊ လယ္ေဝး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ေရေဘးသင့္ ျပည္သူမ်ားအတြက္ လိုအပ္သည့္ပစၥည္းမ်ားကို ကူညီေထာက္ပံ့လွူဒါန္းလ်က္ရွိရာ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၂ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ေရႀကီးနစ္ျမဳပ္ဒဏ္ႏွင့္အတူ စစ္ေတာင္းျမစ္ေရတိုက္စားမွုေၾကာင့္ ေက်းရြာခ်င္းဆက္လမ္းပါ ေရထဲပါသြားခဲ့ၿပီး သြားလာမွုခက္ခဲသည့္ လယ္ေဝးၿမိဳ႕နယ္၊ ေအးခ်မ္းသာရြာမွ အိမ္ေထာင္စု (၅၀၀)အတြက္ တစ္အိမ္ေထာင္လၽွင္ ဆန္ ၆ ျပည္၊ ဆီ ၁ ဘူး၊ ဒန္အိုး၊ စတီးဇလုံ၊ အဝတ္အစား(က်ား/မ/ကေလး)၊ ေခါင္းအုံး၊ ျခဳံေဆာင္၊ ဖိနပ္(က်ား/မ)၊ ၾကာဇံထုတ္မ်ား၊ မုန႔္မ်ား စသည့္ပစၥည္း ၁၄ မ်ိဳးပါဝင္ေသာ စကၠဴပုံး ၁ ပုံး၊ စုစုေပါင္း ပစၥည္း (၁၆)မ်ိဳး အား သြားေရာက္ ေထာက္ပံ့လွူဒါန္းခဲ့ပါသည္။
အဆိုပါလွူဒါန္းမွုကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမွူးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ားႏွင့္ ျပည္ေထာင္စုနယ္ေၿမ ယာယီဥကၠ႒ ဦးလွေဆြႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါေဆာင္ရြက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


လယ်ဝေးမြို့နယ် အေးချမ်းသာရွာ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၅၀၀အတွက် ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ပစ္စည်းများလှူဒါန်း
================================
အောက်တိုဘာ ၃၊ လယ်ဝေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည့်ပစ္စည်းများကို ကူညီထောက်ပံ့လှူဒါန်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ရေကြီးနစ်မြုပ်ဒဏ်နှင့်အတူ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက်လမ်းပါ ရေထဲပါသွားခဲ့ပြီး သွားလာမှုခက်ခဲသည့် လယ်ဝေးမြို့နယ်၊ အေးချမ်းသာရွာမှ အိမ်ထောင်စု (၅၀၀)အတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၁ ဘူး၊ ဒန်အိုး၊ စတီးဇလုံ၊ အဝတ်အစား(ကျား/မ/ကလေး)၊ ခေါင်းအုံး၊ ခြုံဆောင်၊ ဖိနပ်(ကျား/မ)၊ ကြာဇံထုတ်များ၊ မုန့်များ စသည့်ပစ္စည်း ၁၄ မျိုးပါဝင်သော စက္ကူပုံး ၁ ပုံး၊ စုစုပေါင်း ပစ္စည်း (၁၆)မျိုး အား သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်ထောင်စုနယ်မြေ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် တာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။