ျမန္မာ့ လက္ေဝွ႕ေက်ာ္ သန႔္ဇင္အား Tiger Muay Thai ကလပ္တြင္ လာေရာက္ေလ့က်င့္ရန္ ကမ္းလွမ္း

ျမန္မာ့လက္ေဝွ႕ေက်ာ္ သန႔္ဇင္အား ထိုင္းနိုင္ငံအ‌ေျခစိုက္ Tiger Muay Thai ကလပ္တြင္ အခမဲ့ လာေရာက္ေလ့က်င့္ရန္ ကမ္းလွမ္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ Tiger Muay Thai ကလပ္မွာ ကယန္းလက္ေဝွ႕မယ္ ဘေရာ္နီကာ ေလ့က်င့္ေနသည့္ ကလပ္တစ္ခုျဖစ္ၿပီး ယင္းကလပ္သည္ ေမြထိုင္းလက္ေဝွ႕အျပင္ MMA ကစားသမားမ်ားအား ေမြးထုတ္ေပးေနသည့္ နာမည္ႀကီး ကလပ္တစ္ခုလည္းျဖစ္သည္။
“သန႔္ဇင္အေနနဲ႔ Tiger ရဲ့ ကမ္းလွမ္းမွု အခ်က္အလက္ေတြကို ကၽြမ္းက်င္နားလည္သူေတြနဲ႔ တိုင္ပင္ၿပီးရင္ေတာ့ ကိုယ့္ဘက္က ေတာင္းဆိုရမွာေတြကို ထပ္မံျဖည့္စြက္ၿပီး ကမ္းလွမ္းမွုကို စဥ္းစားသင့္ပါတယ္”ဟု ရိုးရာလက္ေဝွ႕ အသိုင္းအဝိုင္းႏွင့္နီးစပ္သူတစ္ဦးကလည္း သုံးသပ္ေျပာၾကားထားသည္။
အသက္(၁၉)ႏွစ္အရြယ္သာ ရွိေသးသည့္ သန႔္ဇင္အေနျဖင့္လည္း ရိုးရာလက္ေဝွ႕အျပင္ အျခားေသာ ကိုယ္ခံပညာမ်ားကိုလည္း ဝမ္းစာျဖည့္ဆည္းထားသင့္ေၾကာင္း ဆိုသည္။
ၿပီးခဲ့ေသာ စက္တင္ဘာ (၂၇)ရက္ ညပိုင္း၌ ONE Fight 81 ပြဲစဥ္အတြင္း ကမၻာ့ကစ္ေဘာက္ဆင္ ခ်န္ပီယံ ဂ်ပန္နိုင္ငံသား တာကဲ႐ုႏွင့္ ရိုးရာဖိုက္တာသန႔္ဇင္တို႔ ယွဥ္ၿပိဳင္ထိုးသ-တ္ခဲ့ၾကရာ ဒုတိယအခ်ီတြင္ တာကဲ႐ုအား ရွုံးနိမ့္ခဲ့သည္။
သန႔္ဇင္သည္ ONE တြင္ (၃) ပြဲထိုးထားၿပီး ေမြထိုင္း နည္းစနစ္ျဖင့္ထိုးသည့္ (၂) ပြဲကို အလဲထိုးျဖင့္ အနိုင္ရထားကာ ကစ္ေဘာင္ဆင္နည္းစနစ္ျဖင့္ ထိုးသည့္ပြဲစဥ္တြင္ အလဲထိုးျဖင့္ ရွုံးနိမ့္ထားျခင္း ျဖစ္သည္။


မြန်မာ့ လက်ဝှေ့ကျော် သန့်ဇင်အား Tiger Muay Thai ကလပ်တွင် လာရောက်လေ့ကျင့်ရန် ကမ်းလှမ်း
=================

မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်အား ထိုင်းနိုင်ငံအ‌ခြေစိုက် Tiger Muay Thai ကလပ်တွင် အခမဲ့ လာရောက်လေ့ကျင့်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ Tiger Muay Thai ကလပ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ လေ့ကျင့်နေသည့် ကလပ်တစ်ခုဖြစ်ပြီး ယင်းကလပ်သည် မွေထိုင်းလက်ဝှေ့အပြင် MMA ကစားသမားများအား မွေးထုတ်ပေးနေသည့် နာမည်ကြီး ကလပ်တစ်ခုလည်းဖြစ်သည်။
“သန့်ဇင်အနေနဲ့ Tiger ရဲ့ ကမ်းလှမ်းမှု အချက်အလက်တွေကို ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ပြီးရင်တော့ ကိုယ့်ဘက်က တောင်းဆိုရမှာတွေကို ထပ်မံဖြည့်စွက်ပြီး ကမ်းလှမ်းမှုကို စဥ်းစားသင့်ပါတယ်”ဟု ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကလည်း သုံးသပ်ပြောကြားထားသည်။
အသက်(၁၉)နှစ်အရွယ်သာ ရှိသေးသည့် သန့်ဇင်အနေဖြင့်လည်း ရိုးရာလက်ဝှေ့အပြင် အခြားသော ကိုယ်ခံပညာများကိုလည်း ဝမ်းစာဖြည့်ဆည်းထားသင့်ကြောင်း ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာ (၂၇)ရက် ညပိုင်း၌ ONE Fight 81 ပွဲစဉ်အတွင်း ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံ ဂျပန်နိုင်ငံသား တာကဲရုနှင့် ရိုးရာဖိုက်တာသန့်ဇင်တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြရာ ဒုတိယအချီတွင် တာကဲရုအား ရှုံးနိမ့်ခဲ့သည်။
သန့်ဇင်သည် ONE တွင် (၃) ပွဲထိုးထားပြီး မွေထိုင်း နည်းစနစ်ဖြင့်ထိုးသည့် (၂) ပွဲကို အလဲထိုးဖြင့် အနိုင်ရထားကာ ကစ်ဘောင်ဆင်နည်းစနစ်ဖြင့် ထိုးသည့်ပွဲစဉ်တွင် အလဲထိုးဖြင့် ရှုံးနိမ့်ထားခြင်း ဖြစ်သည်။