မန္ယူနည္းျပရာထူးမွ ထုတ္ပယ္ခံရမည္ကို စိုးရိမ္မွုမရွိေၾကာင္း တန္ဟတ္ ေျပာ

တနဂၤေႏြေန႔က အိုးထရက္ဖို႔ဒ္မွာ စပါးကို (၃-ဝ)ဂိုးနဲ႔ရွုံးနိမ့္ခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ ရာထူးကေန ထုတ္ပယ္ခံရမွာကို စိုးရိမ္မွုမရွိဘူးလို႔ မန္ယူနည္းျပအဲရစ္တန္ဟတ္က အတည္ျပဳေျပာၾကားလိုက္ပါတယ္။ ဒီရွုံးပြဲေၾကာင့္ မန္ယူနည္းျပတန္ဟတ္အပၚ ဖိအားေတြတိုးျမႇင့္လာမွာေသခ်ာပါတယ္။ မန္ယူအသင္းဟာ ယခုရာသီ(၈)ပြဲကစားအၿပီးမွာ (၃)ပြဲသာအနိုင္ရခဲ့ပါတယ္။ မန္ယူကစားသမားေဟာင္း ဂယ္ရီနဗီးလ္က မန္ယူအသင္းရဲ့စြမ္းေဆာင္ရည္မွာ မႏွစ္ၿမိဳ႕စရာလို႔ ေဝဖန္ခဲ့ပါတယ္။ Sky Sports ရဲ့အစီအစဥ္တင္ဆက္သူ ရက္နက္က ဒီေျခစြမ္းဟာ နည္းျပေတြကို ထုတ္ပယ္တဲ့လုပ္ရပ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ဒါေပမယ့္ မန္ယူနည္းျပတန္ဟတ္ကေတာ့ သူ႔အေနနဲ႔ရာထူးကေန ထုတ္ပယ္ခံရမွာကို စိုးရိမ္မွုမရွိဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။


မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်မှုမရှိကြောင်း တန်ဟတ် ပြော
======================================
တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ စပါးကို (၃-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ မန်ယူနည်းပြအဲရစ်တန်ဟတ်က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် မန်ယူနည်းပြတန်ဟတ်အပါ် ဖိအားတွေတိုးမြှင့်လာမှာသေချာပါတယ်။ မန်ယူအသင်းဟာ ယခုရာသီ(၈)ပွဲကစားအပြီးမှာ (၃)ပွဲသာအနိုင်ရခဲ့ပါတယ်။ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းရဲ့စွမ်းဆောင်ရည်မှာ မနှစ်မြို့စရာလို့ ဝေဖန်ခဲ့ပါတယ်။ Sky Sports ရဲ့အစီအစဉ်တင်ဆက်သူ ရက်နက်က ဒီခြေစွမ်းဟာ နည်းပြတွေကို ထုတ်ပယ်တဲ့လုပ်ရပ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြတန်ဟတ်ကတော့ သူ့အနေနဲ့ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။