ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ေတာင္ငူၿမိဳ႕ အမွတ္(၁)၊အေျခခံပညာအထက္တန္းေက်ာင္းတြင္ စုေပါင္းသန႔္ရွင္းေရးျပဳလုပ္

စက္တင္ဘာ ၁၇၊ ေတာင္ငူ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ယာဂီမုန္တိုင္းဒဏ္ေၾကာင့္ ေရႀကီးနစ္ျမဳပ္မႈခံခဲ့ရသည့္ ေရေဘးသင့္ျပည္သူမ်ားအားေထာက္ပံ့ျခင္း၊ စာသင္ေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအား သန႔္ရွင္းေရးလုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိရာ ယေန႔ နံနက္ပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ေတာင္ငူၿမိဳ႕နယ္အတြင္းက ေရႀကီးနစ္ျမဳပ္ခဲ့ေသာ အမွတ္(၁)၊ အေျခခံပညာအထက္တန္းေက်ာင္းအား ေစာလ်င္စြာ အခ်ိန္မီျပန္လည္ဖြင့္လွစ္နိုင္ေရးအတြက္ ေက်ာင္းႏွင့္ဝန္းက်င္တြင္ တင္က်န္ရစ္ခဲ့ေသာ ႏြံမ်ား၊ ႏႈန္းမ်ား၊ အမွိုက္သရိုက္မ်ားအား သန႔္ရွင္းျခင္းလုပ္ငန္းမ်ားကို အဖြဲ႕အစည္းမ်ားႏွင့္အတူ ပူးေပါင္းေဆာင္ရြက္ခဲ့ပါသည္။
အဆိုပါ ေက်ာင္းသန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း) ပါတီဥကၠ႒ ဦးရဲျမင့္ထြန္း တို႔သြားေရာက္အားေပးခဲ့ၿပီး စာသင္ေက်ာင္းတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံကာ လိုအပ္ခ်က္မ်ားအား ပံ့ပိုးကူညီနိုင္ေရး ညႇိႏွိုင္းေဆာင္ရြက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ငူမြို့ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
================================================
စက်တင်ဘာ ၁၇၊ တောင်ငူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်မှုခံခဲ့ရသည့် ရေဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူမြို့နယ်အတွင်းက ရေကြီးနစ်မြုပ်ခဲ့သော အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းအား စောလျင်စွာ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနှင့်ဝန်းကျင်တွင် တင်ကျန်ရစ်ခဲ့သော နွံများ၊ နှုန်းများ၊ အမှိုက်သရိုက်များအား သန့်ရှင်းခြင်းလုပ်ငန်းများကို အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း တို့သွားရောက်အားပေးခဲ့ပြီး စာသင်ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်ချက်များအား ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။