ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္း ေရေဘးသင့္ျပည္သူမ်ား အတြက္စားေသာက္ဖြယ္ရာမ်ားသြားေရာက္လႉဒါန္း​ၿပီး ႏွစ္သိမ့္အားေပးစကားေျပာၾကား

ေနျပည္ေတာ္ စက္တင္ဘာ ၁၇
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းသည္ဗဟိုအလုပ္အမႈေဆာင္ဦးတင့္လွိုင္ျမင့္၊ဗဟိုေကာ္မတီဝင္ဦးခင္ေမာင္တင့္၊ျပည္ေတာင္စုနယ္ေျမ​ ေခတၱ ဥကၠ႒ဦးလွေဆြ၊ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္မ်ားႏွင့္အတူ (၁၇.၉.၂၀၂၄)ရက္ေန႔ နံနက္ပိုင္းတြင္ေနျပည္ေတာ္၊ျပည္ေထာင္စုနယ္ၿမ ပုပၺသီရိၿမိဳ႕နယ္ ရြာသစ္က်းရြာ၊ရန္ေအာင္ျမင္ ဘုန္း ေတာ္ႀကီးက်ာင္းသိုသြားေရာက္၍ဆရာေတာ္အားေန႔ဆြမ္းဆက္ကပ္လႉဒါန္း၍ထိုဘုန္းေတာ္ႀကီးေက်ာင္းသို႔ေရာက္ရွိခိုလႈံေနၾကေသာေအးျမင့္သာယာရြာမွေရေဘးသင့္ျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားလႉဒါန္းခဲ့ၿပီးႏွစ္သိမ့္အားေပးစကားမ်ားေျပာၾကားခဲ့ပါသည္။
ထိုမွတစ္ဆင့္ပါတီဒုတိယဥကၠ႒ႏွင့္အဖြဲ႕သည္ ေဇယ်ာသီရိၿမိဳ႕နယ္၊က်ည္ေတာင္ရပ္ကြက္၊ေလွခြင္းေတာင္ဘုရား ေက်ာင္းဝန္း၌ေရာက္ရွိခိုလႈံေနၾကေသာ ေရေဘးသင့္ျပည္သူ‌မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားသြားေရာက္လႉဒါန္းခဲ့ပါသည္။
ဆက္လက္၍ ဘုရားဝန္းအတြင္းရွိေရေဘးသင့္ျပည္သူမ်ားခိုလႈံ ေနေသာနားေနေဆာင္သို႔သြားေရာက္ၿပီး ေရေဘးသင့္ျပည္သူမ်ားအားႏွစ္သိမ့္အားေပးစကားေျပာၾကားခဲ့ေၾကာင္းသိရွိရပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်း ရေဘေးသင့်ပြည်သူများ အတွက်စားသောက်ဖွယ်ရာများသွားရောက်လှူဒါန်း​ပြီး နှစ်သိမ့်အားပေးစကားပြောကြား
================================
နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်၊ဗဟိုကော်မတီဝင်ဦးခင်မောင်တင့်၊ပြည်တောင်စုနယ်မြေ​ ခေတ္တ ဥက္ကဋ္ဌဦးလှဆွေ၊ပြည်ထောင်စုနယ်မြေကော်မတီဝင်များနှင့်အတူ (၁၇.၉.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင်နေပြည်တော်၊ပြည်ထောင်စုနယ်မြ ပုပ္ဗသီရိမြို့နယ် ရွာသစ်ကျးရွာ၊ရန်အောင်မြင် ဘုန်း တော်ကြီးကျာင်းသိုသွားရောက်၍ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ထိုဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခိုလှုံနေကြသောအေးမြင့်သာယာရွာမှရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီးနှစ်သိမ့်အားပေးစကားများပြောကြားခဲ့ပါသည်။
ထိုမှတစ်ဆင့်ပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ကျည်တောင်ရပ်ကွက်၊လှေခွင်းတောင်ဘုရား ကျောင်းဝန်း၌ရောက်ရှိခိုလှုံနေကြသော ရေဘေးသင့်ပြည်သူ‌များအတွက် စားသောက်ဖွယ်ရာများသွားရောက်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဘုရားဝန်းအတွင်းရှိရေဘေးသင့်ပြည်သူများခိုလှုံ နေသောနားနေဆောင်သို့သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအားနှစ်သိမ့်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။