ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ေရေဘးသင့္ျပည္သူမ်ားအား လႉဒါန္းရန္ ျပင္ဆင္ေနမႈမ်ားအား ပါတီဥကၠ႒ႏွင့္အဖြဲ႕ ၾကည့္ရႈအားေပး

စက္တင္ဘာ ၁၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၆-၉-၂၀၂၄ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ားျဖစ္ၾကသည့္ ဦးသူရိန္ေဇာ္၊ ေဒါက္တာေက်ာ္ေက်ာ္ေဌး၊ ဗဟိုအလုပ္အမႈေဆာင္မ်ား​ျဖစ္ၾကသည့္ ဦးလွသိန္း၊ ဦးေအးလြင္တို႔သည္ ေရေဘးသင့္ျပည္သူမ်ားအား အခ်ိန္ႏွင့္တေျပးညီ ကူညီေစာင့္ရ​ွောက္မႈမ်ားကို ေဆာင္ရြက္နိုင္ရန္အတြက္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ပါတီဥကၠ႒မ်ားႏွင့္ Zoom Meeting ျပဳလုပ္ၿပီး ေဆြးေႏြးတိုင္ပင္ခဲ့ၾကပါသည္။
ထို႔ေနာက္ ပါတီမွ လႉဒါန္းကူညီေထာက္ပံ့မည့္ အဝတ္အစားမ်ား(က်ား/မ)၊ ျခဳံေစာင္မ်ား၊ စတီးဇလုံမ်ား၊ ေသာက္ေရသန႔္ဘူးမ်ား၊ ေခါက္ဆြဲေျခာက္ထုပ္ႏွင့္ ဆန္အိတ္မ်ား ျပင္ဆင္ေနမႈမ်ားအား ၾကည့္ရႈအားေပးခဲ့ၿပီး ျပည္သူမ်ားလိုအပ္ေနသည့္ လိုအပ္ခ်က္မ်ားအား အျမန္ဆုံးျဖည့္ဆည္းေပးနိုင္ေရး တာဝန္ရွိသူမ်ားႏွင့္ ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ပြင်ဆင်နေမှုများအား ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုအားပေး
====================================
စက်တင်ဘာ ၁၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၆-၉-၂၀၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဦးသူရိန်ဇော်၊ ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များ​ဖြစ်ကြသည့် ဦးလှသိန်း၊ ဦးအေးလွင်တို့သည် ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီစောင့်ရ​ှောက်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် Zoom Meeting ပြုလုပ်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ထို့နောက် ပါတီမှ လှူဒါန်းကူညီထောက်ပံ့မည့် အဝတ်အစားများ(ကျား/မ)၊ ခြုံစောင်များ၊ စတီးဇလုံများ၊ သောက်ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ဆန်အိတ်များ ပြင်ဆင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများလိုအပ်နေသည့် လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။