ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ႏွင့္အဖြဲ႕ တပ္ကုန္းၿမိဳ႕နယ္ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ သြားေရာက္အားေပး

တပ္ကုန္း စက္တင္ဘာ ၁၄
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔ႏွင့္အတူ ယေန႔ေန႔လည္ပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္၊ က်ားေသအိုင္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္းတို႔တြင္ ဖြင့္လွစ္ထားသည့္ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ သြားေရာက္ၿပီး ေရေဘးသင့္ျပည္သူမ်ားအား ေတြ႕ဆုံကာ အားေပးစကားမ်ားေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ႏွင့္အဖြဲ႕သည့္ ယေန႔တေန႔စာ လူဦးေရ (၄၅၀၀)စာအတြက္ ပါတီမွ ေန႔လည္စာႏွင့္ ညစာ ခ်က္ျပဳပ္ေကၽြးေမြးေနမႈမ်ားအား ၾကည့္ရႈခဲ့ၿပီး တာဝန္ယူေဆာင္ရြက္ေနသည့္ ျပည္ေထာင္စုနယ္ေျမပါတီ ယာယီဥကၠ႒ ဦးလွေဆြႏွင့္ တပ္ကုန္းၿမိဳ႕နယ္မွ ပါတီတာဝန္ရွိသူမ်ားအား ျပည္သူမ်ားခံစားေနရသည့္ လိုအပ္ခ်က္မ်ားအား ေသခ်ာစြာမွတ္သားတင္ျပၾကရန္ႏွင့္ အျမန္ဆုံးျဖည့္ဆည္းေဆာင္ရြက္ေပးရန္ မွာၾကားခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တပ်ကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်အားပေး
===========================
တပ်ကုန်း စက်တင်ဘာ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နေ့လည်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည့် ယနေ့တနေ့စာ လူဦးရေ (၄၅၀၀)စာအတွက် ပါတီမှ နေ့လည်စာနှင့် ညစာ ချက်ပြုပ်ကျွေးမွေးနေမှုများအား ကြည့်ရှုခဲ့ပြီး တာဝန်ယူဆောင်ရွက်နေသည့် ပြည်ထောင်စုနယ်မြေပါတီ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် တပ်ကုန်းမြို့နယ်မှ ပါတီတာဝန်ရှိသူများအား ပြည်သူများခံစားနေရသည့် လိုအပ်ချက်များအား သေချာစွာမှတ်သားတင်ပြကြရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။