ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဘုန္းေတာ္ႀကီးေက်ာင္း ေရေဘးကယ္ဆယ္ေရးစခန္းသို႔ သြားေရာက္ၿပီး သန႔္ရွင္းေရးလုပ္ငန္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားလႉဒါန္း

စက္တင္ဘာ ၁၄၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔ႏွင့္အတူ ယေန႔နံနက္ပိုင္းတြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေက်ာက္ခ်က္ေက်းရြာ စာသင္ေက်ာင္း သန႔္ရွင္းေရးေဆာင္ရြက္ေနမႈမ်ားအား အားေပးၾကည့္ရႈၿပီးေနာက္ ပုဗၺသီရိၿမိဳ႕နယ္၊ ေအာင္စည္သာဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္း သန႔္ရွင္းေရးလုပ္အားေပး ေဆာင္ရြက္ေနေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္မွ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားအား သြားေရာက္ေတြ႕ဆုံခဲ့ၿပီး လိုအပ္သည္မ်ားမွာၾကားခဲ့ပါသည္။
ထို႔ေနာက္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ေရာက္ရွိေနသည့္ ေရေဘးသင့္ျပည္သူ အိမ္ေထာင္စု ၆၂ စု၊ လူဦးေရ ၂၀၀ ခန႔္အား အားေပးစကားမ်ားေျပာၾကားခဲ့ၿပီး အစားအစာႏွင့္ ေသာက္ေရသန႔္ဘူးမ်ားအား ေက်ာင္းထိုင္ဆရာေတာ္ ဦးဝိမလထံသို႔ ေပးအပ္လႉဒါန္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး သန့်ရှင်းရေးလုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများလှူဒါန်း
=============================
စက်တင်ဘာ ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ စာသင်ကျောင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား အားပေးကြည့်ရှုပြီးနောက် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ထို့နောက် ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၂၀၀ ခန့်အား အားပေးစကားများပြောကြားခဲ့ပြီး အစားအစာနှင့် သောက်ရေသန့်ဘူးများအား ကျောင်းထိုင်ဆရာတော် ဦးဝိမလထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။