


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်စာသင်ကျောင်း သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်မှုပြုလုပ်
=================================
စက်တင်ဘာ ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအတွင်း ရေဘေးသင့်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်း အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နွံများ၊ နှုန်းများ၊ အမှိုက်သရိုက်များနှင့် သန့်ရှင်းရေးလုပ်ငန်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ အင်အား (၂၀၀)ခန့်ဖြင့် ဆောင်ရွက်နေသော ပြည်ထောင်စုနယ်မြေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးဝင်းဌေးနှင့် မြို့နယ်အသီးသီးမှ ပါတီဝင်များထံသို့ သွားရောက်တွေ့ဆုံကာ အားပေးစကားပြောခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။