ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ေရေဘးကယ္ဆယ္ေရးစခန္းတြင္ ေရာက္ရွိေနေသာ ျပည္သူမ်ားအား ကူညီေထာက္ပံ့ၿပီး က်န္းမာေစာင့္ေရွာက္ေနမႈမ်ားအား ၾကည့္ရႈ

စက္တင္ဘာ ၁၇၊ ေတာင္ငူ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ပဲခူးတိုင္းေဒသႀကီး(အေရွ႕) ပါတီဥကၠ႒ ဦးရဲျမင့္ထြန္းႏွင့္အတူ ၁၇-၉-၂၀၂၄ ရက္ေန႔ နံနက္ပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ေတာင္ငူၿမိဳ႕နယ္ပါတီ႐ုံးတြင္ ဖြင့္လွစ္ထားေသာ ေရေဘးကယ္ဆယ္ေရးစခန္းသို႔ သြားေရာက္ၿပီး ကယ္ဆယ္ေရးစခန္းတြင္ ေရာက္ရွိေနသည့္ ေရေဘးေရွာင္ျပည္သူ(၁၅၈)ဦးႏွင့္ေတြ႕ဆုံၿပီး အားေပးစကားေျပာၾကားကာ အသင့္စားသုံးနိုင္ေသာ အစားအစာမ်ား၊ ေရသန႔္ဘူးမ်ားအား ေထာက္ပံ့လႉဒါန္းခဲ့ပါသည္။
ထို႔ေနာက္ ေရေဘးေရွာင္ျပည္သူမ်ားကို ပါတီဌာနခ်ဳပ္ က်န္းမာေရးအဖြဲ႕၏ ေဆးကုသေပးေနမႈမ်ားအား ၾကည့္ရႈအားေပးခဲ့ၿပီး ေန႔စဥ္ခ်က္ျပဳတ္ေကၽြးေမြးေနသည့္ ပါတီ ေရေဘးကယ္ဆယ္ေရးစခန္းသို႔လည္း အလႉေငြ (၄၀)သိန္းက်ပ္အား ေပးအပ္လႉဒါန္းခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော ပြည်သူများအား ကူညီထောက်ပံ့ပြီး ကျန်းမာစောင့်ရှောက်နေမှုများအား ကြည့်ရှု
================================================
စက်တင်ဘာ ၁၇၊ တောင်ငူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းနှင့်အတူ ၁၇-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူမြို့နယ်ပါတီရုံးတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ရေဘေးရှောင်ပြည်သူ(၁၅၈)ဦးနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ အသင့်စားသုံးနိုင်သော အစားအစာများ၊ ရေသန့်ဘူးများအား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ထို့နောက် ရေဘေးရှောင်ပြည်သူများကို ပါတီဌာနချုပ် ကျန်းမာရေးအဖွဲ့၏ ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး နေ့စဉ်ချက်ပြုတ်ကျွေးမွေးနေသည့် ပါတီ ရေဘေးကယ်ဆယ်ရေးစခန်းသို့လည်း အလှူငွေ (၄၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။