
Ref : gizmochina
#DigitalTimes


Apple က စွမ်းရည်မြင့် A18 Chipset ပါတဲ့ iPhone 16 နဲ့ 16 Plus ကို ကြေညာ
=============================================
Apple က စွမ်းရည်မြင့် A18 Chipset ပါတဲ့ iPhone 16 နဲ့ 16 Plus ကို ကြေညာလိုက်ပါတယ်။ iPhone 16 Series မှာ Apple Intelligence ဟာ အဓိက စွမ်းရည် ဖြစ်လာပါတယ်။
Display အကြောင်းစပြောရရင် အရင်မျိုးဆက်မှာလိုပဲ iPhone 16 မှာ 6.1” နဲ့ iPhone 16 Plus မှာ 6.7” ထည့်သွင်းထားပြီး 60Hz Refresh Rate နဲ့ 2,000 Nits Brightness ထောက်ပံ့ထားပါတယ်။ Display ကို Ceramic Shield နဲ့ ကာကွယ်ထားပြီး Apple က အရင်ကထက် ၂ ဆ ပိုမိုမာကျောလာတယ်လို့ ပြောပါတယ်။
Apple က ကင်မရာ Module ဒီဇိုင်း အသစ်ကို သုံးထားပါတယ်။ စတုရန်းပုံ ကင်မရာ Island ကို ဖယ်ရှားထားပြီး ဆေးတောင့်ပုံ ကင်မရာ Module ကို အသုံးပြုထားပါတယ်။
ဒီနှစ်မှာ အကြီးမားဆုံး တိုးတက်မှုက Apple A18 Chipset ဖြစ်ပါတယ်။ A18 ဟာ iPhone 15 CPU ထက် ၃၀ ရာခိုင်နှုန်းနဲ့ GPU က iPhone 15 ထက် ၄၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ 8GB RAM နဲ့ 512GB Storage ပါပါတယ်။
အနောက်ဘက်မှာ 48MP Main (2x Telephoto) , 12MP Ultra Wide Angle ကင်မရာတွေ တပ်ဆင်ထားပြီး 12MP ကင်မရာက Macro ဓါတ်ပုံတွေလည်း ရိုက်ကူးပေးနိုင်ပါတယ်။ ကင်မရာတွေက Spatial Photo နဲ့ Video ရိုက်ကူးနိုင်ပါတယ်။
128GB Storage ပါတဲ့ iPhone 16 ရဲ့ အခြေခံ မော်ဒယ်ကို ဒေါ်လာ ၈၀၀ နဲ့ 16 Plus က ဒေါ်လာ ၉၀၀ ကနေ စတင်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၀ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။
Ref : gizmochina
#DigitalTimes