ဥေရာပသို႔ ဦးတည္ေနေသာ ေရႊ႕ေျပာင္းဝင္ေရာက္သူမ်ားကို လစ္ဗ်ားကမ္းေျခေစာင့္တပ္ဖြဲ႕ ၾကားျဖတ္တားဆီး

စက္တင္ဘာ ၈

ေရယာဥ္တစ္စီးျဖင့္ ဥေရာပသို႔ ဦးတည္သြား ေရာက္ေနေသာ ေရႊ႕ေျပာင္းဝင္ေရာက္သူ အမ်ားအျပားကို လစ္ဗ်ားကမ္းေျခေစာင့္တပ္က စက္တင္ ဘာလ ၆ ရက္တြင္ ၾကားျဖတ္တားဆီးနိုင္ခဲ့ေၾကာင္း သိရသည္။

လစ္ဗ်ားကမ္းလြန္၌ လူေပါင္း ၂၀ ေက်ာ္ ေပ်ာက္ ဆုံးခဲ့ရေသာ ေရယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ၿပီး ရက္အနည္းငယ္အၾကာတြင္ အဆိုပါ ေရႊ႕ေျပာင္းဝင္ေရာက္သူမ်ားကို လစ္ဗ်ားကမ္းေျခေစာင့္တပ္က ၾကားျဖတ္ တားဆီးနိုင္ခဲ့ျခင္းျဖစ္သည္။

လစ္ဗ်ားကမ္းေျခေစာင့္တပ္က ၾကားျဖတ္တား ဆီးနိုင္ခဲ့ေသာ ေရယာဥ္ေပၚတြင္ ဥေရာပသို႔ သြား ေရာက္ မည့္ တရားမဝင္ေရႊ႕ေျပာင္းဝင္ေရာက္သူ ၆၄ ဦး လိုက္ပါလာေၾကာင္း သိရသည္။ လစ္ဗ်ားကမ္းေၿခ ေစာင့္တပ္သည္ အဆိုပါ တရားမဝင္ေရႊ႕ေျပာင္းဝင္ေရာက္သူမ်ားကို ကမ္းေျခသို႔ ျပန္လည္ပို႔ေဆာင္ခဲ့ၿပီး ၎တို႔လိုက္ပါလာေသာ ေရယာဥ္ကိုလည္း မီးရွို႔ဖ်က္ ဆီးခဲ့သည္။

စက္တင္ဘာလ ၄ ရက္ကလည္း လစ္ဗ်ားအေရွ႕ပိုင္း၊ တိုဘရြတ္ခ္ၿမိဳ႕ ကမ္းလြန္၌ ေရယာဥ္တစ္စီး တိမ္းေမွာက္ခဲ့ရာ တရားမဝင္ေရႊ႕ေျပာင္းဝင္ေရာက္သူ ၂၂ ဦး ေပ်ာက္ဆုံး သို႔မဟုတ္ ေသဆုံးခဲ့ရသည္။

ယခုႏွစ္ ဇန္နဝါရီလႏွင့္ ဩဂုတ္လအၾကား ကာလအတြင္း လစ္ဗ်ားကမ္းလြန္၌ တရားမဝင္ေရႊ႕ေျပာင္း ဝင္ေရာက္သူ အနည္းဆုံး ၄၃၄ ဦးေသဆုံး၍ ၆၁၁ ဦးေပ်ာက္ဆုံးခဲ့ရေၾကာင္း သိရသည္။


ဥရောပသို့ ဦးတည်နေသော ရွှေ့ပြောင်းဝင်ရောက်သူများကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ ကြားဖြတ်တားဆီး

====================
စက်တင်ဘာ ၈

ရေယာဉ်တစ်စီးဖြင့် ဥရောပသို့ ဦးတည်သွား ရောက်နေသော ရွှေ့ပြောင်းဝင်ရောက်သူ အများအပြားကို လစ်ဗျားကမ်းခြေစောင့်တပ်က စက်တင် ဘာလ ၆ ရက်တွင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

လစ်ဗျားကမ်းလွန်၌ လူပေါင်း ၂၀ ကျော် ပျောက် ဆုံးခဲ့ရသော ရေယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အဆိုပါ ရွှေ့ပြောင်းဝင်ရောက်သူများကို လစ်ဗျားကမ်းခြေစောင့်တပ်က ကြားဖြတ် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လစ်ဗျားကမ်းခြေစောင့်တပ်က ကြားဖြတ်တား ဆီးနိုင်ခဲ့သော ရေယာဉ်ပေါ်တွင် ဥရောပသို့ သွား ရောက် မည့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၆၄ ဦး လိုက်ပါလာကြောင်း သိရသည်။ လစ်ဗျားကမ်းခြေ စောင့်တပ်သည် အဆိုပါ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများကို ကမ်းခြေသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ၎င်းတို့လိုက်ပါလာသော ရေယာဉ်ကိုလည်း မီးရှို့ဖျက် ဆီးခဲ့သည်။

စက်တင်ဘာလ ၄ ရက်ကလည်း လစ်ဗျားအရှေ့ပိုင်း၊ တိုဘရွတ်ခ်မြို့ ကမ်းလွန်၌ ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၂၂ ဦး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရသည်။

ယခုနှစ် ဇန်နဝါရီလနှင့် ဩဂုတ်လအကြား ကာလအတွင်း လစ်ဗျားကမ်းလွန်၌ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်သူ အနည်းဆုံး ၄၃၄ ဦးသေဆုံး၍ ၆၁၁ ဦးပျောက်ဆုံးခဲ့ရကြောင်း သိရသည်။