ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အပတ္စဥ္ Book Review Section ျပဳလုပ္

စက္တင္ဘာ ၅၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပညာေရးႏွင့္ေလ့က်င့္ေရးဌာနႀကီးမွ ႀကီးမႉး၍ အပတ္စဥ္ျပဳလုပ္ေသာ စာဖတ္ရွိန္ျမႇင့္တင္ေရး အစီအစဥ္တစ္ရပ္ျဖစ္သည့္ Book Review Section ကို ယေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ စာၾကည့္တိုက္၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉး၊ ဌာနႀကီးမႉး၊ ဌာနမႉးမ်ားႏွင့္ ဒုတိယဌာနမႉးမ်ား၊ စာအုပ္စာေပ စိတ္ပါဝင္စားသူမ်ားတက္ေရာက္ၾကပါသည္။
အဆိုပါအစီအစဥ္တြင္ ဌာနမႉး ဦးညီညီေအာင္ မွ “စူပါပါဝါတ႐ုတ္ `ယုန္´ ႏွင့္ အိႏၵိယ `လိပ္´ အေျပးၿပိဳင္ပြဲ” စာအုပ္၊ ဌာနမႉး ဦးဘုန္းေအာင္မွ “တစ္+တစ္=သုံး (One Plus One Equals Three)” စာအုပ္တို႔ႏွင့္ပတ္သက္ၿပီး ရွင္းလင္းေဆြးေႏြးၾကရာ တက္ေရာက္လာၾကသူမ်ားမွ ​ျပန္လည္ေဆြးေႏြးအႀကံျပဳခဲ့ၾကပါသည္။
၎ေနာက္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ဦးလွထြန္း၊ ဦးျမတ္ဟိန္း၊ ပါတီဥကၠ႒ ဦးခင္ရီတို႔မွ ေဆြးေႏြးသည့္စာအုပ္မ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ ေဆြးေႏြးခ်က္မ်ား ေဆြးေႏြးသူမ်ားႏွင့္ ပတ္သက္၍လည္းေကာင္း သုံးသပ္ေဆြးေႏြးကာ လိုအပ္သည္မ်ားမွာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒မွ ဦးေဆာင္ေဆြးေႏြးသူႏွစ္ဦးအား အမွတ္တရလက္ေဆာင္စာအုပ္မ်ားေပးအပ္ခဲ့ၿပီး Book Review Section ကို ႐ုတ္သိမ္းခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် Book Review Section ပြုလုပ်
=================================
စက်တင်ဘာ ၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရေးနှင့်လေ့ကျင့်ရေးဌာနကြီးမှ ကြီးမှူး၍ အပတ်စဉ်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် Book Review Section ကို ယနေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူး၊ ဌာနကြီးမှူး၊ ဌာနမှူးများနှင့် ဒုတိယဌာနမှူးများ၊ စာအုပ်စာပေ စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။
အဆိုပါအစီအစဉ်တွင် ဌာနမှူး ဦးညီညီအောင် မှ “စူပါပါဝါတရုတ် `ယုန်´ နှင့် အိန္ဒိယ `လိပ်´ အပြေးပြိုင်ပွဲ” စာအုပ်၊ ဌာနမှူး ဦးဘုန်းအောင်မှ “တစ်+တစ်=သုံး (One Plus One Equals Three)” စာအုပ်တို့နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ ​ပြန်လည်ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
၎င်းနောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ ပါတီဥက္ကဋ္ဌ ဦးခင်ရီတို့မှ ဆွေးနွေးသည့်စာအုပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးချက်များ ဆွေးနွေးသူများနှင့် ပတ်သက်၍လည်းကောင်း သုံးသပ်ဆွေးနွေးကာ လိုအပ်သည်များမှာကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌမှ ဦးဆောင်ဆွေးနွေးသူနှစ်ဦးအား အမှတ်တရလက်ဆောင်စာအုပ်များပေးအပ်ခဲ့ပြီး Book Review Section ကို ရုတ်သိမ်းခဲ့ပါသည်။