ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၃၅)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

 

စက္တင္ဘာ ၄၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ (၃၅)ႀကိမ္ေျမာက္ အပတ္စဥ္ ပါတီတြင္းေဆြးေႏြးပြဲကို ယေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေအာင္ျမတ္ဦး၊ ေဒၚသိဂႌဝင္းေရႊ တို႔မွ “ နိုင္ငံဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္ရြက္ေနသည့္ ေက်းလက္ေဒသဖြံ့ၿဖိဳးေရးဆိုင္ရာ စီမံကိန္းမ်ား ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားမွ ျပန္လည္ေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ဦးလွထြန္း၊ ဦးျမတ္ဟိန္း တို႔က ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္း၍ ျဖည့္စြက္ေဆြးေႏြးၿပီး အႀကံျပဳခ်က္မ်ားအား သုံးသပ္ေျပာၾကားၿပီး ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားကာ ေဆြးေႏြးပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၃၅)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
စက်တင်ဘာ ၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၃၅)ကြိမ်မြောက် အပတ်စဉ် ပါတီတွင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ ဒေါ်သိင်္ဂီဝင်းရွှေ တို့မှ “ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဦးလှထွန်း၊ ဦးမြတ်ဟိန်း တို့က ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး အကြံပြုချက်များအား သုံးသပ်ပြောကြားပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။