နိုင်ငံရေးပါတီ (၂၅) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်
=========================
၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း (၁) ရက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ၏ သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ တိုဖြင့် The Myanmar National Democratic Alliance Army (MNDAA) ၊ Ta’ang National Liberation Army (TNLA) နှင့် United League of Arakan (ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲများအား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။
၂။ အဆိုပါအကြမ်းဖက်အုပ်စုများသည် အများပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ အရေးကြီးသော အခြေခံအဆောက်အဦများ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ၊ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ လူနေထူထပ်သည့် မြိုရွာများအား ပြင်းထန်စွာထိခိုက်ဆုံးရှုးစေရန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ရဟန်းသံဃာ/ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ပါသည်။
၃။ ၎င်းအပြင် တက္ကသိုလ်/ ကောလိပ်/ စာသင်ကျောင်းများအား ဖျက်ဆီးခြင်း၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများသည် နိုင်ငံတော်၏အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုးစေပါသည်။
၄။ ဤကဲ့သို စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူမျာအား လူမှုဒုက္ခများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ မိမိတိုနိုင်ငံရေးပါတီများက ပူးတွဲသဘောထားကြေညာချက်များ ထုတ်ပြန်၍ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုများ ဆောင်ရွက်လျက်ရှိပါသည်။
၅။ သိုဖြစ်ပါ၍ MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲများကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းအား သန်းပေါင်းများစွာသောပြည်သူများကိုယ်စား မိမိတိုနိုင်ငံရေးပါတီများက အပြည့်အဝထောက်ခံပါကြောင်းနှင့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို၏အကြမ်းဖက်လုပ်ရပ်များကို ထာဝရဆန့်ကျင်သွားမည်ဖြစ်ကြောင်း အောက်တွင်လက်မှတ်ရေးထိုး ပူးတွဲသဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။