
Ref : gsmarena
#DigitalTimes


Xiaomi က တန်ဖိုးနည်း Redmi 14C ကို ကြေညာ
============================
Xiaomi က တန်ဖိုးနည်း Redmi 14C ကို ကြေညာလိုက်ပြီး ချက် နိုင်ငံမှာ 4/128GB ကို ၁၃၀ ဒေါ်လာနဲ့ 8/256GB ကို ၁၆၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။
အရင်မျိုးဆက်နဲ့ ကွဲပြားတဲ့ ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ Display ကို သုံးထားပြီး 6.88” အရွယ်အစား ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် ဖုန်းသုံးရင် လျှင်မြန်ပြီး IPS LCD HD+ အမျိုးအစား ဖြစ်ပါတယ်။ 600 Nits Peak Brightness ပါလာပါတယ်။
Chipset က MediaTek Helio G81 Ultra ဖြစ်ပြီး 4/6/8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ Auxiliary ကင်မရာ ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။
18W Charging ထောက်ပံ့တဲ့ 5,160mAh Battery တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ microSD Card Slot နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။ Midnight Black , Sage Green , Dreamy Purple နဲ့ Starry Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref : gsmarena