



ဥရုဂွေးလက်ရွေးစင်အသင်းမှ ဆွာရက်ဇ် အနားယူ
==========================

မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး ဆွာရက်ဇ် (၃၇ နှစ်)သည် စက်တင်ဘာ (၆)ရက်နေ့တွင်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ဥရုဂွေး – ပါရာဂွေး ပွဲစဥ်အပြီးတွင် လက်ရွေးစင်အသင်းမှ အနာယူမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် အသက် (၂၀)အရွယ် ၂၀၀၇ ခုနှစ်တွင် ဥရုဂွေးလက်ရွေးစင်အသင်းအတွက် ပထမဆုံးစတင်ကစားခွင့်ရရှိခဲ့ပြီး ကမ္ဘာ့ဖလား (၄)ကြိမ်အပါအ၀င် နိုင်ငံတကာပွဲ (၁၄၂)ပွဲကစားထားရာ၌ (၆၉)ဂိုးသွင်းယူကာ ဥရုဂွေးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသည်။